Raspberry Pi 2 အတွက် Fedora 23 လုံခြုံရေး စမ်းသပ်မှုသုတေသန ကဒ်

$၂၉.၉၅ ၊ အမေရိကန် ကုန်သွယ်ခ $ ၆.၄၅   $29.95, shipping in the US $6.45

fedora_infinity_140x140

မှတ်ချက် ။ ။ ကုန်သွယ်ခ ကျသင့်ကုန်ကျစရိတ်သည် အမေရိကန်နိုင်ငံအတွက်သာဖြစ်ပါသည်။ ပြည်ပကုန်သွယ်မှု နှုန်းထားများအတွက် ကျွန်တော်တို့ကို  ဆက်သွယ်ပေးပါ ခင်ဗျာ။
 

အထူးသဖြင့်  Pidora ဖြန့်ချီမှု နည်းပါးလာကတည်းက၊ Raspberry Pie တွေအတွက် OS ရွေးချယ်မှုတွေက အများကြီးမရှိပါဘူး။ Debian အခြေခံတဲ့ Kali ARM distro အပြင်၊ Raspbian က၊ မျိုးတူတွေထဲမှာ ခေတ်စားဆဲ ရွေးချယ်မှုဖြစ်ပါတယ်။

Kali က ခမ်းနားတဲ့ ကိရိယာတစ်ခုပါ၊ ဒါပေမယ့် အခြေခံ လုံခြုံရေး စမ်းသပ်မှုတွေအတွက် Kali သုံးတာက၊ သေနတ်ပစ် ကွင်းထဲကို၊        ဘဇူကာဒုံးလောင်ချာ ထမ်းပြီး ၀င်သွားသလို ဖြစ်နေပါတယ်။ တကယ်လို့၊ များစွာသော တုံ့ပြန်မှုတွေ၊ မှီခိုမှုတွေ နဲ့ လှုပ်ရှားနေတဲ့ အခန်းကဏ္ဍတွေကို ခင်ဗျားသိတိမထားရင်တော့၊ အန္တရာယ်ဖြစ်နိုင်ပါတယ်။

Fedora မှ လူတွေက Pi အတွက် နောက်ဆုံးပေါ် ARM တွေနဲ့ အခြား ARM ကွန်ပြူတာတွေကို ထုတ်လုပ်ကြပါတယ်၊ လုံခြုံရေး စမ်းသပ်မှုအပါအ၀င် များစွာအသုံးပြုနိုင်မှုအတွက်  အထူးစီစဉ်ထားတဲ့ Fedora version ဖြစ်တဲ့ “spin” တွေကိုလည်း ကမကထပြုပေးပါတယ်။ အချို့အခြေခံ အချက်အလက်တွေကိုတော့ https://labs.fedoraproject.org/de/security/ မှာရှာဖွေနိုင်ပါတယ်။

ကျွန်တော်တို့က boot script တွေ ပြင်ဆင်ရခြင်း၊ Fedora 23 ကို ထည့်သွင်းရခြင်း၊ လုံခြံရေး သုတေသနခန်းတွေ၊ အဝေးထိန်းခွင့် နဲ့ ssh အသုံးပြုနိုင်တဲ့ VNC ဆာဗာတွေ စတဲ့ အဆင့်တွေကို ဖြေရှင်းပေးထားပါတယ်။

8GB Class 10 ကဒ်မှာ ခင်ဗျား ဖိုင်တွေအတွက် အခန်းရှိပါတယ် ပြီးတော့ ၎င်းက အမြန်ဆုံးအမျိုးအစားဖြစ်ပါတယ်။

ယခု OS နဲ့ ကဒ် က Raspberry Pi 2 အတွက်ဖြစ်ပါတယ်။