Raspberry Pi microSD ကဒ် ကို ဘယ်လို ပြင်ဆင်အသုံးပြုမလဲ

ပျော်စရာတွေအများကြီး ကြုံတွေ့ရတော့မှာပါ။

ခင်ဗျားမှာ Raspberry Pi တစ်လုံးရှိပြီး ဘယ်လိုသုံးရမယ်ဆိုတာသိပြီးသားဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ကျွန်တော်တို့ရဲ့ Fedora Security Spin (FSS) microSD ကဒ်ကို ခင်ဗျားရဲ့ Pi မှာ တပ်ဆင်ပြီး၊ စက်ဖွင့်လိုက်ပါ၊ ရိုးရှင်းပါတယ်။

ခင်ဗျားကို  နာမည် နဲ့ စကားဝှက် ပေးဖို့ တောင်းလာပါလိမ့်မယ်။ ခင်ဗျား နာမည်က hacker ပြီးတော့ ခင်ဗျားစကားဝှက်က hack2live ဖြစ်ပါတယ်။ အဲဒီ စကားဝှက်ကို ပြော့င်းဖို့တော့မမေ့ပါနဲ့ !။ terminal တစ်ခုလောက်ဖွင့်ပြီး ။ ။

passwd

ပြီးတော့၊ ကောင်းမွန်တဲ့၊ ရဲရင့်တဲ့ စကားဝှက်တစ်ခုလောက်ပေးလိုက်ပါ။ အတည်ပြုဖို့ နှစ်ခါရိုက်လိုက်ပါ။ ဒါက တကယ့် Unix အတွက်ဆိုတာ၊ ပြီးတော့ ခင်ဗျားအတွက် အရာအရာ လွယ်ကူနေအောင်လုပ်ပေးမှာမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။

ပြင်ဆင်ချက်အသစ်တွေ ရလာတိုင်း၊ ထည့်သွင်းဖို့လည်း အမြဲနိုးကြားနေပါ။ Fedora က ခင်ဗျားကို အကြောင်းကြားပါလိမ့်မယ်။


Raspberry Pi ပေါ်က Fedora အတွက် မှတ်စုများ

၎င်းက installer တစ်ခုမဟုတ်ပါဘူး။ ၎င်းက ဟက်ကင်းလေ့လာနေကြတဲ့ ကျောင်းသားတွေနဲ့ security tester များအတွက် ရည်ရွယ်၍ ပုံစံထုတ်ထားတဲ့၊ အသင့်သုံး FFS မျိုးနွယ်စု တစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ Pi card က အသင့်ပြင်ဆင်ပြီးသား VNC ဆာဗာနဲ့ ဆက်သွယ်ထားပါတယ်။ ခင်ဗျား Pi ရဲ့ IP လိပ်စာကို သိတာနဲ့ (nmap scan တစ်ခုခုသုံးကြည့်တာ နည်းလမ်းကောင်းတစ်ခုပါ) ခင်ဗျားက မည်သည့် VNC client နဲ့ မဆို port 5910 ပေါ်မှ ချိတ်ဆက်နိုင်ပါ တယ်။

sshd (နောက်ကွယ်မှဝန်ဆောင်မှုအနေနဲ့ အလုပ်လုပ်တဲ့) daemon လည်းအလုပ်လုပ်နေတာကြောင့်၊ ခင်ဗျား Pi ရဲ့ IP လိပ်စာကို ပုံမှန် အထောက်အထားပဲသုံးပြီး၊ ssh မှချိတ်ဆက်နိုင်ပါတယ်။

screen saver ကိုတော့၊ အကြောင်းပြချက် နှစ်ခုကြောင့် ပိတ်ထားပါတယ်။ ပထမတစ်ခုက၊ အကယ်၍ ခင်ဗျား Pi က standby အခြေအနေကို ရောက်သွားရင်၊ wifi adapter ကို ပိတ်လိုက်ပါလိမ့်မယ်၊ ပြီးတော့ ၎င်းကို backup လုပ်ရင်လည်း အလွန်ဆိုးဝါးပါတယ်။ ဒုတိယတစ်ခုက၊ ခင်ဗျား Pi မှာ BIOS/CMOS မရှိတာကြောင့်၊ timeserver ကိုချိတ်နိုင်တဲ့အထိ၊ ၎င်းဘယ်အချိန်ကစတင်ခဲ့တယ်ဆိုတာ မသိနိုင်ပါဘူး၊ ခင်ဗျားကို logout လုပ်ပစ်ပြီး၊ login ပြန်လုပ်ဖို့ အကြိမ်ကြိမ်ဖိအားပေးပါလိမ့်မယ်။ အကယ်၍ ခင်ဗျားအတွက် screen saver က အရေးကြီးတယ် ဆိုရင်တော့၊ GUI desktop tool ထဲမှာ ပြင်ဆင်နိုင်ပါတယ်။

ဒီ installation က Fedora ရဲ့ အခြေခံ ARM kernel ကို အသုံးပြုထားပါတယ်။ touch screen လိုအရာတွေကိုအထောက်အကူပေးဖို့ အသုံးပြုနိုင်တဲ့၊ အခြ့ား kernel တစ်ခုခုကို အသုံးပြုတဲ့၊ Ada’s work  ပေါ်မှာ အခြေခံတဲ့  distro တွေလည်းရှိပါသေးတယ်။ အချို့ testing tool တွေနဲ့ သဟဇာတဖြစ်ဖို့က ခက်ခဲတယ်လို့၊ ကျွန်တော့် kernel developer က ပြော့တာကြောင့်၊ ကောင်းမွန်တဲ့ ဟက်ကင်းအတွေ့အကြုံအတွက် ကိုက်ညီတဲ့ kernel ကိုပဲအသုံးပြုခဲ့ပါတယ်။ တကယ်မိုက်ပါတယ်။ kernel အသစ်တွေထွက်လာတိုင်း ခင်ဗျားရနိုင်ပါလိမ့်မယ် (ခင်ဗျားဆန္ဒရှိရင်လည်း၊ ပြင်ဆင်မှုအသစ်တွေကို ငြင်းပယ်နိုင်ပါတယ်၊ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ ခင်ဗျားမလုပ်ပါဘူး)။