လူမှုရေး ဇာတ်လမ်းဆင်ခြင်း

SE

လူမှုရေး ဇာတ်လမ်းဆင်ခြင်းဆိုတာ၊ လူတွေရဲ့ စိတ်ဓါတ်ရေးရာကြိုးကိုင်ခြင်းလို့ အတိုချုံးသိနိုင်ပါတယ်၊ တရားဝင်တဲ့ လိမ်လည်ခြင်းပေါ့၊ ဒါပေမယ့် ရုပ်ရှင်ရုံလို လူထူတဲ့နေရာတွေမှာ “မီးဗျို့” လို့တော့ မအော်နဲ့ပေါ့ဗျာ။

“ဟုတ်တယ် ဒါက တိုက်ခိုက်မှုပုံစံ တစ်ခုပါ၊ ၎င်းက လူတွေရဲ့ တုံ့ပြန်မှုပေါ်မှာ အပြည့်အ၀နီးပါး မူတည်ပါတယ်၊ လူတွေကို လှည့်စားခြင်း၊ ဖိအားပေးခြင်းတွေ ဒါမှမဟုတ် သူတို့ရဲ့ ရူးသွတ်မှုတွေကို အသုံးချခြင်းတွေ လုပ်တာပေါ့။ social engineering လို့ပဲ ခေါ်ကြရအောင်ဗျာ” လို့ မင်းမောင်မောင်က အဖိုးကိုပြောပြနေပါတယ်။

“ယုံကြည်မူပြိုင်ပွဲ (con game)တစ်ခု ပေါ့ဗျာ။ ဥပမာ – တိုက်ခိုက်သူက ရုံးထဲကို အရေးတကြီး ၀င်ဖို့လိုနေတဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်ယောက်လို ဟန်ဆောင်ပြီး ရုံးဝန်ထမ်းတစ်ယောက်ယောက်ကို အယုံသွင်းပြီး ရုံးခန်းတံခါးဖွင့်ပေးဖို့ အကူအညီတောင်းတာမျိုးပေါ့။” လို့ဆက်ပြောလိုက်ပါတယ်။ အဖိုးက “ဒါက လိမ်တာပဲပေါ့၊ လူလိမ်တစ်ယောက်နဲ့ ဘာကွာသွားလို့လဲကွ။” လို့ ပြန်မေးခဲ့ပါတယ်။

“လူလိမ်လိုမျိုးတော့ မဟုတ်ဘူးဗျ၊ ကိုယ်လိုချင်တာကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ရအောင်ယူတာလို့ ပြောလို့ရတယ်၊ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံ အရမ်းသိမ်မွေ့တဲ့ နည်းလမ်းမျိုးတွေလည်းရှိလို့ပါ။ ကျွန်တော် ထင်ရှားတဲ့ ဥပမာ တစ်ခုပြောပြမယ်ဗျာ။ Catch Me If You Can ဆိုတဲ့ ဇာတ်ကားမှာ social engineering နဲ့ ပက်သတ်လို့ တော်တော်ကြည့်ရတယ်ဗျ။ ဖရန့်ခ်ရဲ့ အဖေက ဖရန့်ခ် ကို အမေရိကန်မှာ ယမ်းကီးတွေဘာကြောင့်အမြဲနိုင်လဲလို့မေးခဲ့တယ်။ ဖရန့်ကတော့ ရိုးရိုးလေး စဉ်းစားပြီး သူတို့မှာ မစ်ကီ မန်တယ်လ် ရှိနေလို့လေလို့ ဖြေခဲ့တယ်။ ဒါပေမယ့် ဖရန့်အဖေကတော့။ ။ မဟုတ်ဘူး၊ သူတို့အမြဲနိုင်တာ၊ ပြိုင်ဖက်အသင်းက သူတို့ အင်္ကျီပေါ်က အစင်းသေးသေးလေးတွေကို အမြဲစိုက်ကြည့် မိနေလို့ပဲ လို့ပြောခဲ့ပါတယ်။

နောက်တစ်ခု ပိုပြီးသိသာတာကို အဖိုးကိုပြောပြဦးမယ်။ ဖရန့်ခ်က သူ့လုပ်ငန်းတွေကို စတင်နေတဲ့အချိန်ပေါ့။ သူ PAN AM ရဲ့ လေယာဉ်မှူး တစ်ယောက် ဖြစ်ဖို့ PAN AM ရဲ့ ယူနီဖောင်းအစစ်ရဖို့လိုအပ်ခဲ့တာကြောင့် PAN AM ကို ဖုန်းဆက်ခဲ့ပါတယ်။

ဧည့်ကြို။  ။ ပန်အမ်ကပါ၊ ဘာများကူညီရမလဲရှင်။

ဖရန့်ခ်။    ။ ယူနီဖောင်းကိစ္စလေးပြောချင်လို့၊ ခေါ်လိုက်တာပါ ခင်ဗျာ။

ဧည့်ကြို။  ။ အ၀ယ်ဌာနကို ဖုန်းလွှဲပေးပါမယ်။

အ၀ယ်ဌာန။   ။ ဘာများကူညီရမလဲ ရှင်။

ဖရန့်ခ် (တောင်ပိုင်းလေသံဖမ်း၍) ။        ။ ကျွန်တော်က လက်ထောက်လေယာဉ်မှူးပါခင်ဗျာ၊ ညက နယူးရောက်ခ် ကိုပျံသန်းခဲ့တာပါ၊ ဒါပေမယ့် ပဲရစ်ကို သုံးနာရီအတွင်းကျွန်တော် ပြန်ထွက်ရမယ် ခင်ဗျ။ ပြဿနာက၊ ကျွန်တော့် ယူနီဖောင်းတွေကို လျှော်ဖို့ ဟိုတယ်ကနေ ပို့လိုက်ပါတယ်၊ ဒါပေမယ့် အဲဒီမှာ ပျောက်သွားတယ် ထင်တယ်။

အ၀ယ်ဌာန။   ။ သူတို့ ယူနီဖောင်းတွေကို အမြဲဖျောက်နေကျပါ။ မပူပါနဲ့ရှင်၊ ကိုးလမ်း နဲ့ ဘရော့ဒ်ဝေး နားက well-build ယူနီဖောင်းကုမ္ပဏီကို သွားလိုက်ပါ၊ Mr. Rosen ကို ရှင်ရောက်လာမယ့်အကြောင်း ကျွန်မ မှာထားပေးပါမယ်။

နောက်ဆုံးမှာ၊ သူ PAN AM ရဲ့ လေယာဉ်မှူးယူနီဖောင်း ရသွားတာပေါ့။ ဒါဟာ social engineering ပါပဲ အဖိုး။ ဖရန့်ခ် က ယုံကြည်မှုရှိသူ တစ်ယောက်ပါ။ ဟုတ်ပါတယ်၊ ယုံကြည်မှု  ရှိသူ (con man) social engineering လုပ်ဖို့ ဒါဟာအဓိက လိုအပ်တဲ့ အရည်အချင်းပဲ၊ အဖိုးရေ။” လို့ မင်းမောင်မောင်က social engineering အကြောင်းကို သူ့ရဲ့ အကြိုက်ဆုံး ဇာတ်လမ်းတစ်ခုနဲ့ ဥပမာပေးပြီးရှင်းပြခဲ့ပါတယ်။ ပြီးတော့….

“လူသိများတဲ့ social engineer တွေ ထဲမှာ Frank Abagnale လည်းပါခဲ့ပါတယ်။ နောက်ပြီး Kevin Mitnick ဆိုရင် ကွန်ပြူတာဟက်ကင်းနဲ့ လုံခြုံရေးကို လေ့လာနေသူတွေနဲ့ နည်းပညာသမားတွေ ပိုသိကြတယ်ဗျ။ ကျော်ကြားတဲ့ social engineering နည်းလမ်း တစ်ချို့ကို အဖိုးကို ထပ်ပြောပြမယ်ဗျ။” လို့ မင်းမောင်မောင်က ဆက်ပြောရင်း သူ့ရဲ့ presentation ဖိုင်တစ်ခုကိုဖွင့်လိုက်ပါတယ်။

ကျော်ကြားတဲ့ Social engineering နည်းလမ်းများ”………