ရိုက်စားလုပ်တဲ့ အိုင်တီငနဲ

scamIT

“အဖိုးရေ၊ ဒီမှာ ကျွန်တော့်ရဲ့ presentation လေး အကြောင်းပြောပြပါရစေ” ပြောရင်း မင်းမောင်မောင်က presentation ကိုစတင်လိုက်ပါ တယ်။
မိတ်ဆက်ခြင်း ။ ။ ကျွန်တော်က မင်းမောင်မောင်ပါ၊ ဆိုက်ဘာ လုံခြုံရေးအကြောင်းကို လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ ကျွန်တော့် လေ့လာမှုတွေကတော့ “ဂူဂယ်” မှာ ရှာဖွေလေ့လာတာပါ၊ ပြီးတော့၊ အဓိကရင်းမြစ်ကတော့၊ Hacker High School (www.hackerhighschool.org) မှာလေ့လာသင်ယူဖြစ်တာ ပိုများပါတယ်။ သူတို့ကတော့ အကျိုးအမြတ်အတွက်လုပ်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး၊ အရာဝတ္တုတွေ ဘယ်လို အလုပ်လုပ်ကြတယ်ဆိုတာကို၊ ပုံဖေါ်ခြင်းနည်းလမ်းတစ်ခုအဖြစ် ဟက်လုပ်ခြင်းအားလေ့လာနိုင်ရန် ဆယ်ကျော်သက်တွေကို ကူညီပေးပြီး၊ အခုဆို HHS အကယ်ဒမီကျောင်း စတင်ဖို့လုပ်နေပြီး၊ ဗွီဒီယိုသင်ခန်းစာတွေလည်း ရတော့မယ်။ ပြီးတော့၊ ကျွန်တော်တို့လို အခက်အခဲရှိသူတွေအတွက် အခမဲ့သင်ခန်းစာတွေ ပို့ချပေးပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်တစ်ခုနဲ့ ဟက်ကင်းအပေါ် ခံယူချက်ကို အတိုချုံးအားဖြင့် ပြောပြပါရစေ။ “အရာရာတိုင်းကို ဟက်ပါ ဒါပေမယ့် မထိခိုက်ပါစေနဲ့” ၊ ပြီးတော့ “ဟက်ကင်းဆိုတာ ပြဿနာဖြေရှင်းခြင်း နဲ့ လေ့လာသင်ယူခြင်း ဖြစ်ပါတယ်။” သိပ်မကြာခင်မှာ၊ HHS ရဲ့ ပရောဂျက်မန်နေဂျာ တည်ထောင်နေတဲ့ (S4H) www.schoolforhackers.org မှာလည်း ဗွီဒီယိုသင်ခန်းစာတွေနဲ့၊ လေ့လာ သင်ယူ မှုတွေ လုပ်နိုင်တော့မှာပါ။
အကြောင်းအရာ ။ ။ ကျွန်တော် ပြောပြမယ့်အရာကတော့၊ ကုမ္ပဏီတစ်ခုမှာ နည်းပညာကိုနားမလည်လို့၊ ကိုယ့်အပေါ် ယုံကြည်အားကိုး ထားတဲ့ သူတွေအပေါ် ရိုက်စားလုပ်သွားတဲ့ အလိုကြီးအရနဲ အိုင်တီသမား တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။
လုပ်ငန်းစလိုက်ရအောင်
တစ်စုံတစ်ဦးထံမှ၊ ကုန်ကျစရိတ်အကြောင်းကိုကြားလိုက်ရတဲ့အခါ စုံစမ်းသူ မျက်လုံးပြူးသွားခဲ့ပါတယ် “point to point ကြိုးမဲ့ ချိတ်ဆက်မှု ကုန်ကျစရိတ်က၊ ဒေါ်လာသုံးထောင် ဟုတ်လား? အကွာအဝေးက ဘယ်လောက်လဲ၊ ကြားမှာ ကွယ်နေတဲ့ အဆောက်အဦးတွေ ရှိလား? ပြီးတော့၊ ဘာပစ္စည်းတွေ သုံးထားလဲ?” ဟု စုံစမ်းသူက ဆက်မေးခဲ့ပါတယ်။ “အဲ၊ အကွာအဝေးက ကားလမ်းအားဖြင့် ၅.၆ ကီလိုမီတာ၊ ဒါပေမယ့် တိုက်ရိုက် မြင်နေရတာကြောင့် အတိုင်းအတာအားဖြင့် ၃ ကီလိုမီတာ ကျော်ကျော်လောက် ဝေးတယ်၊ သုံးထားတဲ့ ပစ္စည်း ကိုတော့အတိအကျ မသိသေးဘူး။” ဟု တစ်စုံတစ်ဦးက ဖြေခဲ့ပါတယ်။ စုံစမ်းသူက ၎င်း အရင်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်နေတာကြောင့်၊ ကုမ္ပဏီ abc အတွက်၊ စုံစမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ ချက်ချင်း ဆိုသလို ထိုကုမ္ပဏီ abc ၏ အတွင်းရေးမှုဆီကို ဖုန်းအဆက်အသွယ် လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒီအခြေအနေမှာ သိကျွမ်းပြီးသား ဆိုပေမယ့် ဘယ်သူ့ကိုမှ ယုံကြည်လို့ မရသေးတာကြောင့် လူမှုရေးကို လုပ်ဇာတ်ခင်းခြင်း (social engineering) ကို အသုံးပြုခဲ့ပါတယ်။
စကားစမြည် –
“ စုံစမ်းသူ ။ ။ အတွင်းရေးမှုးရေ၊ မတွေ့တာကြာပြီ။ အားလုံးနေကောင်းကြလား?
အတွင်းရေးမှုး။ ။ ဟုတ်ကဲ့၊ ကောင်းကြပါတယ်။ အကိုရော၊ ဘာတွေလုပ်နေလဲ?
စုံစမ်းသူ။ ။ အခုတော့၊ point to point wireless နက်ဝေါ့ခ်တစ်ခု၊ လုပ်ဖို့လိုလို့ အဖွဲ့တွေလိုက်စုံစမ်းနေတာ၊ ဒါပေမယ့်၊ ဖုန်းတွေက ဆက်လို့မရဖြစ်နေတာနဲ့၊ ဘာမှကိုမစုံစမ်းရသေးဘူးဗျာ၊ လူကြီးကလဲ စုံစမ်းပေးဖို့ လောနေပြီလေ၊ ဒါနဲ့ တလောကပဲ အဲဒီမှာ၊ ချိတ်ထားတယ် ကြားလို့၊ လူကြီးကိုပြန်ပြောဖို့ ခန့်မှန်း၊ ကုန်ကျစရိတ်နဲ့၊ သုံးထားတဲ့ ပစ္စည်းလေးများ သိမလားလို့၊ အကူအညီတောင်းမလို့ ဆက်လိုက်တာဗျ။ အပန်းမကြီးရင် ကူညီပါဦး ဗျာ။
အတွင်းရေးမှုး။ ။ ဟုတ်တယ်၊ တလောကပဲ တပ်ဆင်ပြီးတယ်။ ရပါတယ်၊ ကူညီနိုင်ပါတယ်၊ ဒါပေမယ့် ဘာတွေဆိုတာတော့မပြောတတ်ဘူး ရုံးက IT Manager တင်ထားတဲ့ ဈေးနှုန်းစာရင်းတော့ရှိတယ်၊ အီးမေးလ် ပို့ပေးလိုက်မယ်လေ။
စုံစမ်းသူ။ ။ ကျေးဇူးတင်လိုက်တာဗျာ၊ “
မကြာခင်မှာပဲ၊ ဈေးနှုန်း စာရွက် နဲ့ သုံးထားတဲ့ပစ္စည်း စာရင်း ၊ email ရောက်လာပါတယ်။ စုံစမ်းသူက၊ secretary@abc.com ဆိုတဲ့မေးလ်ကို ရင်ခုန်စွာနဲ့ ပဲဖွင့်လိုက်ပါတယ်၊ “ဟာ၊ သုံးထားတဲ့ ပစ္စည်းတွေက point to point အတွက်မှ ဟုတ်ရဲ့လား? ပြီးတော့ ၀ယ်တဲ့ ဆိုင်နာမည်ရဲ့ စာခေါင်းစည်း ကြည့်ရတာလဲ တစ်ခုခုမှားနေသလိုပဲ”

Y ကုမ္ပဏီ
သို့ : အိုင်တီ မန်နေဂျာ (abc ကုမ္ပဏီ)
အကြောင်းအရာ။ ။ point to point wireless ချိတ်ဆက်မှု အတွက် ကုန်ကျစရိတ်

# Item # Description Qty per Item Total
1 AM-5G20-90 4.9-5.9GHz airMAX Base Station, 1 850 850
Cisco Air 20dBi, 90 deg w/ rocket kit
2 ROCKETM5 5GHz Rocket MIMO, airMAX 1 350 350
3 PBM5 5GHz PowerBridge MIMO, airMAX 1 650 650
4 TC-Carrier TOUGH Cable, Level 2 1 100 100
6 IL-SRV2 Complete Setup Installation 1 1000 1000
TOTAL US$ 2950

“အင်း သေချာကြည့်ရင် ခေါင်းစီးက ၀ါးနေသလိုပဲ၊ scan ဖတ်ပြီး၊ ပြန်ပြင်ထားပုံရတယ်၊ သေချာတာကတော့ နံပါတ် ၁. AM-5G20-90 က Ubiquiti model ပါ၊ Cisco Air ဆိုတာ ဘာကြီးလဲ? နောက်ပြီး TC-Carrier က ဘာလို့အဲဒီလောက်တောင် လိုအပ်တာလဲ?” အဲဒီကုမ္ပဏီကို ဖုန်းဆက်ပြီး တစ်ခုခု သိအောင်ကြိုးစားကြည့်ဖို့၊ စုံစမ်းသူက ဆုံးဖြတ်လိုက်ပါတယ်။
စုံစမ်းခြင်း တစ်နည်းဆိုရင် လူမှုရေးလုပ်ဇာတ်တစ်ခု။
စုံစမ်းသူ။ ။ ဟလို၊ Y ကုမ္ပဏီကပါလား?
Y ကုမ္ပဏီ။ ။ ဟုတ်ကဲ့၊ ဘာများကူညီရမလဲ ခင်ဗျာ?
စုံစမ်းသူ။ ။ ကျွန်တော်က ကုမ္ပဏီ abc က နည်းပညာ အကြံပေးပါ။ ကျွန်တော်တို့ ကုမ္ပဏီက တလောက ခင်ဗျားတို့ဆီက၊ wifi ၀န်ဆောင်မှုကိုဝယ်ယူ ထားပါတယ်၊ အခု ကုမ္ပဏီ စာရင်းစစ်ဌာနက၊ အသုံးစရိတ် အစည်းအဝေးမှာ တင်ပြဖို့၊ ပြေစာလေးတောင်းလာလို့ပါ။ ကျွန်တော်တို့ အိုင်တီ မန်နေဂျာက၊ နယ်ခရီးလမ်းမှာရောက်နေတော့၊ ဆက်သွယ်လို့မရဘူးဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး၊ အဲဒီပြေစာကော်ပီလေးကို၊ ကျွန်တော်တို့ ရုံးရဲ့ စီမံဌာနကို၊ မေးလ်ပို့ပေးဖို့ အကူအညီတောင်းချင်လို့ပါ။ ကူညီပေးနိုင်မလား ခင်ဗျာ?
Y ကုမ္ပဏီ။ ။ ကျွန်တော်တို့၊ အရောင်း မန်နေဂျာကို အတည်ပြုပြီး ရင်ပြန်ဆက်သွယ်ပေးပါမယ်။
စုံစမ်းသူ။ ။ ဖြစ်နိုင်ရင် ဖုန်းကိုင်ထားပါရစေ၊ အခု ကျွန်တော်တို့ ဒါရိုက်တာကလည်း ကုမ္ပဏီအသုံးစရိတ် အစည်းအဝေး အတွက် စောင့်နေတာကြောင့်၊ အခက်အခဲရှိနေလို့ပါ။ ဒါမှမဟုတ်၊ အဲဒီတုန်းက စုစုပေါင်းကုန်ကျ စရိတ်ကိုပဲ အခုပြောပေးလို့ရနိုင်မလား၊ ခင်ဗျာ။
Y ကုမ္ပဏီ။ ။ ကျွန်တော်တို့ အခုပဲ အကြောင်းကြားပြီး၊ ဖုန်းလွှဲပေးလိုက်ပါမယ်၊ ခဏစောင့်ပါ ခင်ဗျာ။
Y ကုမ္ပဏီ အရောင်းမန်နေဂျာ။ ။ ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်၊ အဲဒီတုန်းက စုစုပေါင်းကုန်ကျစရိတ်က ၁၆၀၁ ဒေါ်လာပါ၊ ဒါပေမယ့် ကော်ပီကိုတော့ စီမံဌာနရဲ့ အီးမေးလ်လိပ်စာကိုပဲ ပို့ပေးနိုင်ပါမယ်၊ ခင်ဗျာ။
စုံစမ်းသူ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ စီမံရဲ့အီးမေးလ်လိပ်စာက secretary@abc.com ကို ပို့ပေးပါ၊ ကျွန်တော်တို့ ဒါရိုက်တာ ရုံးခန်းကို တိုက်ရိုက်ရောက်ပါတယ်။
ကော်ဖီတစ်ခွက်နဲ့၊ ကွန်ပြူတာရှေ့ထိုင်နေတဲ့ စုံစမ်းသူဆီ၊ ကုမ္ပဏီ abc ရဲ့ secretary ဖုန်းခေါ်ဆိုလာပါတယ်။ ပြီးတော့၊ “အခု Y ကုမ္ပဏီက အီးမေးလ် တစ်စောင် ၀င်လာတယ်၊ ပြီးတော့၊ သို့ နေရာမှာ၊ abc ကုမ္ပဏီ IT Manager နာမည်နဲ့၊ ဖြစ်နေပြီး အီးမေးလ်ရဲ့၊ subject မှာ as mr. investigator’s request လို့ပါနေလို့၊ ဖုန်းခေါ်လိုက်တာပါ။” လို့မေးခဲ့ပါတယ်။ စုံစမ်းသူက “ဟုတ်တယ်၊ အဲဒါ စာရင်းအမှန်ပဲ၊ Y ကုမ္ပဏီ ဆီကနေ၊ တောင်းလိုက်တာပါ အဲဒီထဲမှာပါတဲ့ စာရင်းကိုသေချာ စစ်ဆေးကြည့်နိုင်အောင်လို့ abc ကုမ္ပဏီ ရဲ့ အတွင်းရေးမှုးဆီပို့ ခိုင်းခဲ့တာပါ။” လို့ ဖြေခဲ့ပါတယ်။
ကိုရိုက်စားရဲ့ အားနည်းချက်ကတော့၊ သူကိုယ်တိုင် ကျွမ်းကျင်မှုမရှိပဲ၊ သူ့လောက်မတတ်တဲ့ သူတွေအပေါ် လှည့်စားချင်တဲ့ သဘောထား ပါပဲ။
ကုမ္ပဏီ Y ရဲ့ မူရင်းစာရင်းကိုကြည့်ရအောင် ။ ။
Y ကုမ္ပဏီ
သို့ : အိုင်တီ မန်နေဂျာ (abc ကုမ္ပဏီ)
အကြောင်းအရာ။ ။ point to point wireless ချိတ်ဆက်မှု စာရင်း
# Item # Description Qty per Item Total
1 AM-5G20-90 4.9-5.9GHz airMAX Base Station, 1 164 164
20dBi, 90 deg w/ rocket kit
2 ROCKETM5 5GHz Rocket MIMO, airMAX 1 98 98
3 PBM5 5GHz PowerBridge MIMO, airMAX 1 297 297
4 TC-Carrier TOUGH Cable, Level 2 70 M 0.6 42
6 IL-SRV2 Complete Setup Installation 1 1000 1000
TOTAL US$ 1601

ကျွန်တော်တို့တွေ၊ ကိုယ်နားမလည်တဲ့ နယ်ပယ်တွေမှာ ကိုယ်စီ ရိုက်စားလုပ်ခံရတာတွေ အမြဲကြုံတွေ့နေရပါတယ်။ ဒါပေမယ့်၊ တကယ်လို့ ကူညီပေးမယ့်သူ တစ်ယောက် သာ ရှိခဲ့မယ်ဆိုရင်လို့ ကျွန်တော်တို့ အမြဲတွေးတတ်ကြပါတယ်။ တစ်ခါတစ်လေ၊ ကျွန်တော်တို့ အားကိုးတဲ့ သူတွေကပဲ ကျွန်တော်တို့ကို ရိုက်စားလုပ် နိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတစ်ခုဖြစ်တဲ့ “အနီးဆုံး ရန်သူကို ရှာတိုက်”၊ ဆိုတဲ့အတိုင်း၊ ကိုယ်ကိုယ်တိုင်က အနီးဆုံးရန်သူလို့ယူဆကြည့်ပါ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အရင်ဆုံးပြန်မေးရမှာက၊ “ဒါ ဖြစ်နိုင်ရဲ့လား?” လို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်လွယ်ခြင်းကို၊ အရင်တိုက်ထုတ်သင့်ပါတယ်။ ပြီးတော့၊ အတွင်းလူ။ ယခု ရိုက်စားလုပ်ခြင်းမှာ၊ ကုမ္ပဏီရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကိုရိုက်စားက ဘာကြောင့် ဒီလောက်အထိလုပ်ရဲ တာလဲ? ကျွန်တော်တို့ရဲ့ စီမံရေး၊ အုပ်ချုပ်ရေး၊ ၀န်ထမ်းတွေအတွက် ဗဟုသုတပညာပေးခြင်းတွေ လိုနေလား၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင်ပါဝင် ပတ်သက်နေတာလား? ၀န်ထမ်းတွေများစွာနဲ့ အလုပ်လုပ်နေတဲ့၊ ကုမ္ပဏီတစ်ခုက၊ တံခါးပေါက်များတဲ့ အိမ်တစ်လုံးနဲ့ တူပါတယ်။ တံခါး တစ်ချပ်တည်းကို လုံခြုံအောင် ဂရုစိုက်နေတာက တစ်အိမ်လုံး မလုံခြုံနိုင်ပါဘူး။
ဒါကြောင့်၊ ကျွန်တော်တို့လုပ်ငန်းတွေမှာ၊ ကျင့်ဝတ်ညီတဲ့ ဟက်ကာတစ်ယောက်ရှိဖို့နဲ့ ခိုင်မြဲတဲ့ ကွန်ပြူတာ၊ နက်ဝေါ့ခ် လုံခြုံရေးပေါ်လစီတွေ ရှိဖို့ သေချာကို လိုအပ်ပါတယ်။
“လူမှုရေးကို ဇာတ်လမ်းဆင်တဲ့၊ လူမှုရေးဇာတ်လမ်းဆင်ခြင်းတွေ ဆိုတာ၊ လိမ်တာပေါ့?” လို့ အဖိုးကမေးခဲ့ပါတယ်။
“လူမှုရေး ဇာတ်လမ်းဆင်ခြင်းဆိုတာ၊ လူတွေရဲ့ စိတ်ဓါတ်ရေးရာကြိုးကိုင်ခြင်းလို့ အတိုချုံးသိနိုင်ပါတယ်၊ တရားဝင်တဲ့ လိမ်လည်ခြင်းပေါ့၊ ဒါပေမယ့် ရုပ်ရှင်ရုံလို လူထူတဲ့နေရာတွေမှာ “မီးဗျို့” လို့တော့ မအော်နဲ့ပေါ့ ဗျာ။ လူမှုရေး ဇာတ်လမ်းဆင်ခြင်းကို အသေးစိတ်ပြောရရင်တော့။။”