ခင်ဗျားက သဘောကောင်းလွန်းတဲ့သူလား၊ လုံခြုံရေးကို ဂရုစိုက်တတ်တဲ့သူလား?

are you that goodခင်ဗျား ထုတ်ထားတဲ့ကြိုးမဲ့ကွန်ယက်ကို ခင်ဗျားအိမ်နီးချင်းမြင်တဲ့အခါ၊ သူပထမဆုံး စဉ်းစားတာက “ဟာ ဘေးအိမ်က wifi မိနေပါလား၊ ကံကောင်းရင်တော့ အခမဲ့အင်တာနက်သုံးခွင့်ရမှာပဲ” လို့စဉ်းစားရင်း ။ ။ ကလစ်!
ဒါဆို ခင်ဗျားသဘောကရော? ခင်ဗျားရဲ့ wifi ကို၊ အားလုံးကိုပေးသုံးချင်သလား? ဒါမှမဟုတ်၊ တစ်ဦးတည်း သီးသန့်ထားပြီးသုံးချင်တာလား၊ ဒါမှမဟုတ်၊ သုံးခွင့်ပေးမည့်သူကို ရွေးချယ်ကန့်သတ်ပြီး၊ ဝေမျှသုံးချင်တာလား? ခင်ဗျားရဲ့ ကြိုးမဲ့ကွန်ယက်လုံခြုံရေးအတွက် စိတ်ပူတယ်ဆိုရင်တော့၊ ခင်ဗျားရဲ့ ကြိုးမဲ့ကွန်ယက်ကို ကာကွယ်ထားသင့်ပါတယ်။ ခင်ဗျား ကွန်ယက်ထဲကို ၀င်လာတဲ့သူအားလုံးက၊ ခင်ဗျား မျှပေးထားတဲ့၊ အင်တာနက်အသုံးပြု ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းရှိတာမဟုတ်ပါဘူး။
စင်ဒရဲလား၊ ရုပ်ရှင်ထဲမှာ မင်းသားလေးက၊ မည်သည့်ပျိုကညာမဆိုတက်ရောက်နိုင်တဲ့၊ ကြင်ယာဖက်ရွေးတဲ့ ပါတီလေးတစ်ခုကို ကျင်းပ လိုက်ပါတယ်၊ ဒါပေမယ့် သူရည်စူးခဲ့တာ စင်ဒရဲလားမင်းသမီးလေးတစ်ယောက်တည်းကိုပါ။ ကံမကောင်းစွာနဲ့ စင်ဒရဲလားလေးရဲ့ မထွေးနှစ်ယောက် တက်ရောက်ခဲ့ကြတယ်။ သူတို့ရဲ့ မိခင်လုပ်သူက နန်းတွင်းထဲလိုက်ပါလာပြီး အတွင်းသတင်းတွေကို၊ ခိုးနားထောင်ပြီး တော်ဝင်မူးမတ်ကို အကြပ်ကိုင်ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲကို တက်ရောက်လာတဲ့ သူတိုင်းက မင်းသားလေးရဲ့ ဧည့်ခံပွဲကို ဆင်နွှဲဖို့ ရည်ရွယ်ချက်တစ်ခုတည်း မဟုတ်ပါဘူး၊ နောက်ကွယ်မှာ၊ အကျိုးအမြတ်အတွက် ရည်ရွယ်ချက်တွေရှိနေပါတယ်။
ဇာတ်လမ်းကြည့်နေရင်းမှ၊ မင်းမောင်မောင်က ရုတ်တရက်ထပြီး “အဖိုးရေ၊ ကျွန်တော်တို့ wifi ကို၊ အားလုံးပေးသုံးလို့တော့ မဖြစ်တော့ဘူး၊ ကျွန်တော်တို့ကာကွယ်မှုတွေလုပ်သင့်တယ်။” လို့ပြောလိုက်ပါတယ်။ အဖိုးက “ကာကွယ်မှုတွေကဘယ်လိုလုပ်ရမှာလဲ၊ ငါ့ သံသေတ္တာထဲမှာ ထည့်ထားလိုက်ရင် ရမလား?” “အဲလိုကာကွယ်တာကိုပြောတာမဟုတ်ဘူးဗျ၊ အဖိုးရဲ့ စမတ်ဖုန်းနဲ့၊ ကျွန်တော့် laptop က အင်တာနက်လိုင်းတစ်ခု တည်းကို မျှပြီးသုံးခွင့်ရနေဖို့တော့၊ wifi ကိုလွှင့်ထားဖို့လိုတယ်လေ၊ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ကလွဲပြီး တခြားသူတွေ ၀င်လို့မရအောင် ကာကွယ်ရမှာဗျ။” လို့ မင်းမောင်မောင်က ပြောလိုက်ပါတယ်။ “ဒီမှာကြည့်၊ ကာကွယ်မှုတွေအများကြီးရွေးလို့ရတယ်၊ တိုက်ခိုက်မှုအမျိုးအစားအမျိုးမျိုး ကိုလည်းတော်တော်များများ ကာကွယ်ထားလို့ရတဲ့၊ firewall ပြင်ဆင်မှုတွေတောင်လုပ်လို့ရသေးတယ်ဗျ။” လို့ သူ့ရဲ့ browser မှတဆင့်၊ wifi စက်လေးထဲ ၀င်ပြရင်း၊ အဖိုးကိုပြောလိုက်ပါတယ်။” ပြီးတော့ဆက်ပြီး “ဒီမှာ wep ၊ wpa ၊ wpa2 ဆိုတဲ့ ကာကွယ်မှုတွေရှိတယ်ဗျ။”လို့ပြောလိုက်ပါ တယ်။ အဖိုးက၊ “အဲ၊ ဘာတွေ?” “ကျွန်တော်ရှင်းပြပါမယ်၊ wep ဆိုတာ၊ wired equivalent privacy ၊ IEEE 802.11 လို့ခေါ်တဲ့ ကြိုးမဲ့ကွန်ယက် တွေအတွက် လုံခြုံရေးဆိုင်ရာ အယ်လဂိုရီသမ် တစ်ခုပါ။ ၎င်းကို၊ hexadecimal (သို့) အခြေ ၁၆ ရှိ၊ နံပါတ်စနစ် ၁၀ (သို့) ၂၆ လုံးဖြင့် ဖွဲ့ပုံဖေါ်ထားပါတယ်။ အခြေခံ wep encrypt နည်းလမ်းက – (IV) လို့ခေါ်တဲ့ initialization vector (ကျပန်းနံပါတ်) တွေနဲ့ ရိုက်ထည့်လိုက်တဲ့ wep key တွေကို ပေါင်း၍၊ RC4 လို့ခေါ်တဲ့ encryption လုပ်တဲ့ အယ်လဂိုရီသမ် (cyper/ciper) ကိုသုံးပြီး ရလာတဲ့ keystream ကို IV ပေါ်မှာမူတည်ပြီး၊ ထုတ်ပေးထားတဲ့၊ plaintext တွေနဲ့ Exclusive OR gate ကိုဖြတ်၍ (encrypted လုပ်ပြီးသား) ciper text တွေရလာပါတယ်။ ၎င်းကို 64-bit encryption မှ 128-bit အထိ တိုးချဲ့အသုံးပြုနိုင်ခဲ့ပေမယ့်၊ ၂၀၀၃ ခုနှစ်ပိုင်း မှာတော့၊ WEP အား၊ WPA (Wifi- Protected Access) လုံခြုံရေးစနစ်ဖြင့်၊ အစားထိုးလိုက်ပြီလို့၊ Wi-Fi Alliance ကကြေငြာခဲ့ပါတယ်။ ဒါဆို WPA ဆိုတာ ဘာလဲ? WPA ကို တစ်ခါတစ်ရံ IEEE 802.11i (IEEE 802.11 အားဖြည့်စွက်ပြင်ဆင်ထားသော) မူကြမ်း စံချိန်အဖြစ်လည်း ရည်ညွှန်းပါတယ်။ ၎င်းကို ပိုမိုလုံခြုံတဲ့၊ ပိုမို ရှုပ်ထွေးတဲ့ ၊ WPA2 အထိ ကြိုတင် မျှော်မှန်းခဲ့ကြပါတယ်။ WPA2 ကို ၂၀၀၄ ခုနှစ်မှာ စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ WEP က ကွန်ယက်ချိတ်ဆက်မှုအစဉ်အလာဖြစ်တဲ့ wired ကွန်ယက်လုံခြုံရေးဖြင့်ယှဉ်လျှက်၊ အချက်အလက်စိတ်ချနိုင်မှုကို အထောက်အကူဖြစ်စေခဲ့ပြီး၊ WPA ကိုတော့၊ ကြိုးမဲ့ကွန်ယက်ချိတ်ဆက်မှုအတွက် သီးသန့်အသုံးပြုရန် ပုံစံချထုတ်လုပ်ခဲ့တာပါ။ WPA ပြင်ဆင်ခြင်းမှာ၊ အများအားဖြင့် WPA-PSK (Pre-shared Key) ကို အခြေခံအားဖြင့် သုံးကြပါတယ်၊ ၎င်းက 256-bit key encryption ကို အသုံးပြုပါတယ်။ ပြီးတော့၊ တိုက်ခိုက်သူတစ်ယောက်ယောက်က၊ access point နဲ့ client ကြားက packet တွေကို ရယူထားလား၊ ပြင်ဆင်ထားလား ဆိုတာတွေ စစ်ဆေးပေးတဲ့ message integrity check စနစ်လည်းပါဝင်လာတယ်။ WPAII မှာ၊ WPA နဲ့ ကွာခြားတဲ့တိုးတက်ပြောင်းလဲမှုတစ်ခု ကတော့၊ Advanced Encryption Standard (AES) ကို မဖြစ်မနေ သုံးရတာပါပဲ။” လို့ ဆက်ပြီးရှင်းပြခဲ့ပါတယ်။ အဖိုးကတော့ “ခေါင်းတွေမူးလိုက်တာ၊ ကာကွယ်မယ်ဆိုလည်း၊ မြန်မြန်ကာပါတော့” လို့ပြောခဲ့ပါတယ်။ ဆက်ပြီး “ဒါနဲ့၊ WPA ဆိုတာနဲ့ ကာကွာ၊ သူ့ ကြည့်ရတာ ပိုလုံခြုံမယ့်ပုံပဲ။” လို့ဆက် ပြောခဲ့ပါတယ်။ အဖိုးသဘောပေါက်သွားပုံရပါတယ်။ အဖိုးအတွက်တော့ ဒီလိုမြေးလေးရှိနေတာ အားရစရာပါပဲ။
ဟုတ်ပါတယ်၊ လူငယ်တွေမှာ ထက်မြတ်တဲ့ အရည်အသွေးတွေရှိကြပါတယ်။ သူတို့ရဲ့ စိတ်ကူးတွေကို အကောင်းဆုံး ပုံဖေါ်နိုင်အောင် ကျွန်တော်တို့က ပံ့ပိုးပေးဖို့ လိုပါတယ်။ သူတို့ကို ဘယ်လိုလုပ်ရမယ်ဆိုတာပြောပြခြင်းထက်၊ ဘာတွေလုပ်လို့ရတယ်၊ အကျိုးဆက်တွေက ဘာတွေ ဖြစ်လာနိုင်တယ်၊ ဆိုတာတွေ ပြောပြပေးနိုင်ဖို့ ပိုမိုလိုအပ်ပါတယ်။ သူတို့ရဲ့၊ ဉာဏ်ကွန့်မြူးမှုတွေကို တားဆီးနေရင်၊ စိတ်ကူးကောင်း မပြောနဲ့၊ ဘာကြောင့်ဆိုတာတောင် သူတို့တော်တော် စဉ်းစားနေရပါလိမ့်မယ်။ Hacker Highschool ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း၊ လူငယ်တွေကို မာန်မာနကင်းစွာဖြင့်၊ အကောင်းဆုံးစဉ်းစား၊ ပုံဖေါ်တတ်ပြီး မြင့်မားလာစေရန်၊ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း၊ မင်းမောင်မောင်က အဖိုးကို ကူညီပေးသလို၊ ကျွန်တော်တို့ကို နည်းပညာတွေအပေါ်မှာ ကောင်းစွာ အသုံးပြုနိုင်ရန်၊ အနည်းဆုံး၊ စက်ပစ္စည်းတစ်ခုကို မှန်ကန်တဲ့ဈေးနှုန်းနဲ့ဝယ်ယူနိုင်ရန်၊ ကူညီပေးနိုင်မယ့် သူတစ်ယောက်ရှိနေဖို့ လိုအပ်ပါတယ်။
အခုတော့ မင်းမောင်မောင်က၊ ကျောင်း conference တစ်ခုမှာ ပြသဖို့ ပြင်ပကဖြစ်ရပ်တစ်ခုပေါ်မှာအခြေခံထားတဲ့ presentation တစ်ခုကို ဖန်တီးနေပါတယ်။ “ရိုက်စားလုပ်တဲ့ အိုင်တီငနဲ” လို့ ခေါင်းစည်း စတင်လိုက်ပါတယ်။ ။