“ကျွမ်းကျင်ဟက်ကာတွေအဆိုအရ၊ မဟက်ခံရအောင် ဘယ်လိုကာကွယ်မလဲ” ဆောင်းပါးမှ၊ ဟက်ကင်းဆိုင်ရာ အကြံပြုချက်

တီဗွီစတားတစ်ယောက်ဖြစ်တဲ့ Kevin Roose ဆိုသူက ဒီကိစ္စကိုမေးမြန်းခဲ့ပြီး၊ သဘောပေါက်ခဲ့ပါတယ်။ သူက လူတွေဘယ်လို ဟက်ခံရတယ် ဆိုတာကို သုတေသနစစ်တမ်း လုပ်ခြင်ခဲ့တာကြောင့်၊ သူ့ကို ဟက်ရန် လူသိများတဲ့ ဟက်ကာတချို့ကို သူကိုယ်တိုင်ဖိတ်ကြား ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ သူ့ကို ဟက်ခဲ့ကြပါတယ်၊ သူ့ ၀က်ဘ် ကင်မရာထဲက၊ (ဓါတ်ပုံတွေကို ၂မိနစ်တိုင်း) မှ သူ့ အွန်လိုင်းအကောင့် တွေအထိ ရသမျှ ခရက် ခဲ့ကြတယ်။ ပုဂ္ဂိုလ်ရေးအရပြောရရင်တော့၊ ကျွန်တော်ဆိုရင် ဒီလိုမလုပ်ပါဘူး။ ထိုသို့လုပ်ခြင်းက၊ ဟက်လုပ်ခြင်း တတ်မြောက်ရေး နဲ့ လူတွေ ဘယ်လို ဟက်ခံရတယ် ဆိုတာတွေကို အသားပေးလွန်းနေပါတယ်၊ အလေးပေးရမှာက ဘယ်လိုတွေ မလုပ်ရဘူး ဆိုတာပါပဲ။

သူအဆိုပြုတဲ့ တချို့ဖြေရှင်းနည်းတွေက အခန့်မသင့်ရင် နှစ်ဖက်ချွန်ဓါးတစ်ချောင်းနဲ့တူတတ်တဲ့ password manager အသုံးပြုခြင်းကဲ့သို့၊ ရင်းနှီးပြီးသားတွေပါ။ ကျန်တာတွေကတော့ ကျွန်တော့်အတွက် အသစ်တွေဖြစ်နေတယ် – Little Snitch ဆိုတဲ့ app တစ်ခုကို ခင်ဗျား ကြားဖူးပါသလား? အဲဒီ app က၊ ခင်ဗျားရဲ့ outgoing traffic ကို သံသရဖြစ်စရာ လှုပ်ရှားမှုတွေ ရှိ၊မရှိ စောင့်ကြည့်ပေးပါတယ်။ (ကျွန်တော့် ကွန်ပြူတာက ကျွန်တော့် credit card ရဲ့ စာရင်းရှင်းတမ်းတွေကို ဘာကြောင့် တရုတ်သို့ ပို့နေတာလဲ?)

ပြီးတော့ တချို့ “အဖြေများ” က အသုံးပြုသူတွေက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ကြိုးစားရင်း ချိုးဖျက်ဝင်ရောက်သူတွေအတွက် အကျိုးရှိ သွားစေတာမျိုး ဖြစ်တတ်ပါတယ် – ဥပမာ – VPN အသုံးပြုတာမျိုးပေါ့။  ရှေ့လျှောက် ဒီကိစ္စနဲ့ ပတ်သတ်ပြီး၊ ခင်ဗျားပိုသိရမှာပါ။ အခု လတ်တလောအတွက်တော့ အလားအလာရှိတဲ့ ခရက်ကာတွေ၊ ဟက်ကာတွေ နဲ့ လုံခြုံရေး ကျွမ်းကျင်တွေ အတွက် ဤဆောင်းပါးကို ဖတ်ကြည့်ပေးပါ။ (Image courtesy of User: Colin at wikimedia.org)